Main menu

ဗီယက်နမ်၏အမြန်ရထားလမ်းစီမံကိန်းတွင် ပြင်သစ်လုပ်ငန်းများစိတ်ဝင်စားမှု အားကောင်းနေ

Powered by Drupal

          ပြင်သစ်လုပ်ငန်းများသည် ဗီယက်နမ်၏ အမြန်ရထားလမ်းစီမံကိန်းတွင်စိတ်ဝင်စားလျက်ရှိပြီး ဗီယက်နမ်မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ရန်နှင့် တည်ထောင်ရန် အလိုရှိနေ ကြောင်း ပြင်သစ်သယ်ယူပို့ဆောင်ရေးဝန်ကြီး Philippe Tabarot က ဗီယက်နမ်ဆောက်လုပ် ရေးဝန်ကြီး Tran Hong Minh နှင့် မတ်လ ၂၁ ရက်နေ့က ဟနွိုင်းမြို့တွင် တွေ့ဆုံစဉ်ပြောကြား ခဲ့ပါသည်။ Tabarot က နှစ်နိုင်ငံစလုံးသည် နှစ်ပေါင်းများစွာအတွင်  အပြန်အလှန်ဖွံ့ဖြိုး တိုးတက်ရေး အတွက် ရည်မှန်းချက်ရှိကြောင်း အထူးသဖြင့် ရထားလမ်းများ၊ ရေကြောင်း၊ လေကြောင်းနှင့် မြို့ပြသယ်ယူပို့ဆောင်ရေးပါဝင်သော သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။ ချိတ်ဆက်မှုဆက်လက်အားကောင်းရန်အတွက် Trabarot က Minh အား ပြင်သစ်နိုင်ငံ ၌ ဇွန်လတွင် ကျင်းပရန်စီစဉ်ထားသည့် ပြင်သစ်လေကြောင်း ပြပွဲနှင့် ကုလသမဂ္ဂပင်လယ် ရေကြောင်းကွန်းဖရန့်သို့ တက်ရောက်ရန် ဖိတ်ခေါ်ခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်ဝန်ကြီးက လေကြောင်း၊ ရထားလမ်း၊ ရေကြောင်းနှင့် ကုန်းလမ်း သယ်ယူပို့ဆောင်ရေးတွင် ပူးပေါင်း ဆောင်ရွက်ခြင်းသည် နှစ်နိုင်ငံစလုံးအတွက်ကာလကြာရှည် ဦးစားပေးကိစ္စဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ လတ်တလောတွင် ဗီယက်နမ်လေကြောင်း လိုင်းနှင့် ပြင်သစ်လေကြောင်း လိုင်းသည် နှစ်နိုင်ငံကြား ပုံမှန်ပျံသန်းလျှက်ရှိကြောင်း သိရပါ သည်။ ဗီယက်နမ်သည် လတ်တလောတွင် တစ်နှစ်လျှင် ခရီးသည်သန်း ၁၀၀ လက်ခံနိုင်သည့် Long Thanh နိုင်ငံတကာ လေဆိပ်ကို တည်ဆောက်လျှက်ရှိကြောင်း သိရပါသည်။  ထိုလေကြောင်းလိုင်းသည် ဗီယက်နမ်၏ အကြီးမားဆုံးလေဆိပ်ဖြစ်လာမည်ဖြစ်ပြီး ပြင်သစ် အပါအဝင် တစ်ကမ္ဘာလုံးမှ လေကြောင်း စီးပွားရေးလုပ်ငန်းများက ဗီယက်နမ်၊ အာဆီယံနှင ့်ချိတ်ဆက်မှုတိုးချဲ့ရာတွင် အခွင့်အလမ်းသစ် များပေးစွမ်းနိုင်မည်ဟု သိရပါသည်။ Minh က လေကြောင်းကဏ္ဍတွင် စီမံခန့်ခွဲရေးနှင့်ပတ်သတ်၍ အတွေ့အကြုံဝေမျှရန်နှင့် အပြန်အလှန် ပံ့ပိုးပေးရန် ပြင်သစ်ဝန်ကြီးအားတောင်းဆိုခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်အမျိုးသား ညီလာခံသည် နိုင်ငံ၏ပထမဆုံး မြောက်ပိုင်းမှတောင်ပိုင်းသို့ ပြေးဆွဲမည့် အမြန်ရထားလမ်း စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှုမူဝါဒကို ခွင့်ပြုပေးခဲ့ကြောင်း သိရပါသည်။ Minh က Tabarot အား ၎င်း၏ဝန်ကြီးဌာန၊ သက်ဆိုင်ရာပြင်သစ်အေဂျင်စီများနှင့် အဖွဲ့အစည်းများနှင့်အတူ လူသားအရင်းအမြစ်လေ့ကျင့်ပေးခြင်း၊ ရထားလမ်းအခြေခံအဆောက်အအုံ များအဆင့်မြှင့်တင် ခြင်းနှင့် အမြန်ရထားလမ်းဆောက်လုပ်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် ဖွံ့ဖြိုး တိုးတက်စေခြင်းတို့တွင် တန်ဖိုးရှိသောကျွမ်းကျင်မှုများကို ဝေမျှပေးရန် မျှော်လင့်ကြောင်း သိရှိရပါသည်။

Vietnam Plus

DOCA(ရန်ကုန်)