Main menu

VinFast နှင့် PT Arimbi Amartapura တို့ အင်ဒိုနီးရှားတွင် Showroom ကွန်ယက်တိုးချဲ့မည်

Powered by Drupal

          ဗီယက်နမ်ထိပ်တန်းလျှပ်စစ်ကားထုတ်လုပ်သူ VinFast သည် အင်ဒိုနီးရှားနိုင်ငံ၏ ထိပ်တန်းမော်တော်ယာဉ်ဖြန့်ဖြူးသူဖြစ်သည့် PT Arimbi Amartapura(Amarta) နှင့် အင်ဒိုနီးရှားတွင်  Showroom ကွန်ယက်တိုးချဲ့မှု အရှိန်မြှင့်တင်ရန် နားလည်မှုသဝဏ်လွှာ (MoU) ရေးထိုးခဲ့ကြောင်း သိရပါသည်။ MoU ၏အောက်တွင် VinFast သည် Amarta ၏ ကြီးမားသော ဈေးကက်ကျွမ်းကျင်မှုကို အသုံးပြ၍ ၂၀၂၅ နှင့် ၂၀၂၇ ခုနှစ်ကြား Showroom ၂၂ ခု တည်ထောင် သွားမည်ဟု သိရပါသည်။ ထိုပမာဏထဲမှ ၁၁ ခုကို ၂၀၂၅ ခုနှစ်အတွင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရပါသည်။ Amarta နှင့်ပူးပေါင်းဆောင်ရွက်မှုသည် အင်ဒိုနီးရှားတွင် VinFast ၏ အင်ဒိုနီးရှား၌ Dealership ကွန်ယက်ကိုတိုးချဲ့နိုင်ရုံသာမက လုပ်ငန်းလည်ပတ်မှု တိုးချဲ့ခြင်း၊ ကုန်ကျစရိတ် လျှော့ချခြင်းနှင့် နိုင်ငံတကာဈေးကွက်များတွင် အမှတ်တံဆိပ် တည်ရှိမှုကိုအားကောင်းစေမည် ဟု သိရပါသည်။ VinFast Asia ၏ CEO ဖြစ်သူ Pham Sanh Chau က VinFast သည် Amarta နှင့် ပူးပေါင်း၍ ၎င်းတို့၏ သဘာဝပတ်ဝန်းကျင်နှင့် သင့်လျော် သော လျှပ်စစ်မော်‌တော်ယာဉ်များအား အင်ဒိုနီးရှားသုံးစွဲသူများထံသို့ အနီးကပ်ရောက်ရှိလာမည် ဖြစ်ကြောင်းနှင့် ထိုပူးပေါင်းဆောင်ရွက် မှုသည် VinFast အား Amarta ၏ နက်ရှိုင်းသော ပြည်တွင်းကျွမ်းကျင်မှုကို အပြည့်အဝအသုံးချ နိုင်မည်ဟု ပြောကြားခဲ့ပါသည်။ Amarta ၏ CEO ဖြစ်သူ Angga Prawira Awang က ၎င်းတို့၏ ဈေးကွက်ကျွမ်းကျင်မှုနှင့် VinFast ၏ ထုတ်ကုန်အရည်အသွေးထူးခြားမှုကြောင့် အင်ဒိုနီးရှား ပြည်သူလူထုထံ အစိမ်းရောင်သယ်ယူ ပို့ဆောင်မှုမြှင့်တင်ရန် ဆောင်ရွက်ပေးနိုင်မည်ဟု ပြောကြား ခဲ့ပါသည်။ ယနေ့အချိန်ထိ ကုမ္ပဏီသည် အင်ဒိုနီးရှားရှိ Dealer ၁၄ ခုနှင့်မိတ်ဖက်ဖွဲ့ထားပြီး သုံးစွဲ သူများအား mini e-SUV မော်ဒယ်များဖြစ်သည့် VF3၊  VF5နှင့် VF e34 တို့ပါဝင်သည့် အမျိုးအစား ကွဲပြားသောလျှပ်စစ် မော်တော်ယာဉ်များ ကို ရောင်းချလျှက်ရှိကြောင်း သိရပါသည်။ ထိုအချက်များသည် အင်ဒိုနီးရှားနိုင်ငံတွင်း ပိုမိုစိမ်းလန်းမှု၊ သန့်စင်မှုနှင့် တည်ငြိမ်သောအနာဂတ်အတွက် VinFast ၏အာမခံချက်ကို ထပ်မံအတည်ပြုနိုင်ခဲ့သည့် မှတ်တိုင်တစ်ခုဖြစ်ကြောင်း သိရပါသည်။

Vietnam Plus

DOCA(ရန်ကုန်)