
၂၀၂၄ ခုနှစ်တွင် ကာဇတ်စတန်သည် အမေရိကန်ဒေါ်လာ ၅.၁ ဘီလီယံတန်ကြေးရှိသော စိုက်ပျိုးမွေးမြူရေးထုတ်ကုန် တန်ချိန် ၁၆.၁ သန်းတင်ပို့ခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ၃.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း မတ်လ ၁၉ ရက်နေ့ကကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။ စိုက်ပျိုးမွေးမြူရေး ဒုတိယဝန်ကြီး Yerbol Taszhurekov က လွန်ခဲ့သည့် ငါး နှစ်အတွင်း စိုက်ပျိုးမွေးမြူရေးထုတ်ကုန်တင်ပို့မှုမှာ ၅၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး နိုင်ငံပေါင်း ၆၆ နိုင်ငံသို့ တင်ပို့ခဲ့ကြောင်း သိရပါသည်။ ပြုပြင်ထုတ်လုပ်ထားသည့်ထုတ်ကုန်တင်ပို့မှုမှာ စုစုပေါင်း တင်ပို့မှု၏ ၅၂ ရာခိုင်နှုန်းရှိပြီး အဓိကဈေးကွက်များတွင် ဗဟိုအာရှ၊ ယူရေးရှန်း စီးပွားရေးယူနီယံ၊ အီရန်၊ တူရကီ၊ တရုတ်နှင့် ဥရောပသမဂ္ဂတို့ပါဝင်ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် နှံစား သီးနှံတင်ပို့မှုမှာ တန်ချိန် ၈.၁ သန်းရှိခဲ့ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလမှ ၂၀၂၅ ခုနှစ် မတ်လအထိ ကာဇတ်စတန်သည် ရိတ်သိမ်းနှံစားသီးနှံတန်ချိန် ၆.၃ သန်းတင်ပို့ခဲ့ကြောင်း သိရပါသည်။ အီရန်သို့တင်ပို့မှုမှာ တန်ချိန် ၇၄၁၀၀၀ ရှိပြီး အဇာဘိုင်ဂျန်သို့တင်ပို့မှုမှာ တန်ချိန် ၄၀၈၀၀၀ တန်ရှိကြောင်း သိရပါသည်။ ဟင်းသီး ဟင်းရွက်ဆီ၊ မုန့်မျိုးစုံ၊ အစာသွပ်အသားချောင်း၊ အမဲသား၊ သိုးသားပါဝင်သည့် ပြုပြင်ထုတ်လုပ် ထားသည့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၂.၇ ဘီလီယံဖြင့် ၁၄.၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဒုတိယ ဝန်ကြီးချုပ်နှင့် အမျိုးသားစီးပွားရေး ဝန်ကြီးဖြစ်သူ Serik Zhumangarin ကနေကြစေ့ထုတ်လုပ် သူများအား ထုတ်လုပ်မှုတိုးချဲ့ရန် ပံ့ပိုးပေးရန်လိုအပ်ကြောင်း အသားပေးပြောကြားခဲ့ပါသည်။ ကာဇတ်စတန်သည် အပင်ကွာရန် တင်းနှင့် ကာကွယ်ရေးသဘောတူညီချက်ကို အဇာဘိုင်ဂျန်၊ တူရကီ၊ အီရန်၊ တရုတ်နှင့် CIS နိုင်ငံများနှင့် လက်မှတ်ရေးထိုးထားကြောင်း သိရပါသည်။ ကာဇတ်စတန်လုပ်ငန်း ၂၄၀၀ ကျော်သည် safflower အစားအစာ၊ ပဲစေ့များ၊ ပဲနီလေးနှင့် rapeseed တို့ကို တရုတ်သို့တင်ပို့ရန် မှတ်ပုံတင်ထားကြောင်း သိရပါသည်။ တရုတ်သည် ၂၀၂၅ ခုနှစ်တွင် သကြားမုန်လာနှင့် pulp၊ ၂၀၂၆ ခုနှစ်တွင် ဆန်၊ mung ပဲ၊ ဝါနှင့် ဖရဲသီးတို့ကို တင်သွင်း ခွင့်ပြုရန်မျှော်လင့်ရကြောင်း သိရပါသည်။ Zhumangarin က တာဝန်ရှိသူများသည် ကုန်သွယ် ရေးအတားအဆီးများ ဖယ်ရှားရန်တရုတ်နှင့်ညှိနှိုင်းဆွေးနွေးမှုများ အရှိန်မြှင့်တင်မည်ဖြစ်ပြီး ပို့ကုန် ဈေးကွက်သစ်များ ရှာဖွေသွားမည်ဟု သိရပါသည်။ ကာဇတ်စတန်သည် မြင်းသားနှင့် မွေးမြူရေးထုတ်ကုန်အတွက် ဈေးကွက်သစ်များရှာဖွေနေကြောင်း သိရှိရပါသည်။
The Astana Times
DOCA(ရန်ကုန်)