Main menu

Smart စက်ရုံတိုးချဲ့ရန် ရင်းဂစ် သန်း ၅၀၀ ရင်းနှီးမြှုပ်နှံမည့် Hotayi Electronic

Powered by Drupal

             Hotayi Electronic သည် အလုပ်အကိုင်သစ် ၁၀၀၀ ဖန်တီးပေးနိုင်မည့် ပီနန်းပြည်နယ်ရှိ Smart စက်ရုံ တတိယအဆင့်တိုးချဲ့ရန်အတွက် ရင်းဂစ် သန်း ၅၀၀ သုံးစွဲသွားမည်ဟု သိရပါ သည်။ ထိုစက်ရုံသည် ကုမ္ပဏီ၏ Smart ကုန်ထုတ်လုပ်ခြင်းတွင် ဦးဆောင်မှုကို အားသစ်လောင်း ပေးနိုင်ရန် အဆင့်မြင့်အလိုအလျှောက်စက်အသုံးပြုမှုစနစ်၊ AI ဖြင့် အချက်အလက်စိစစ် လေ့လာ မှုနှင့် Internet of Things( IoT)လုပ်ငန်းစဉ်များအသုံးပြုရန် ဒီဇိုင်းဆွဲထားကြောင်း သိရပါသည်။ စက်ရုံ ပဏ္ဍပ်ချပွဲအခမ်းအနားတက်ရောက်ခဲ့သည့် ပီနန်းပြည်နယ်ဝန်ကြီးချုပ် Chow Kon Yeow က Hotayi Electronic သည် ပီနန်း၌ လုပ်ငန်းများတွင် စဉ်ဆက်မပြတ် ရင်းနှီးမြှုပ်နှံလျှက် ရှိကြောင်းနှင့် ယနေ့အခမ်းအနားသည် ပီနန်းကျွန်းအရှိန်အဟုန်ဖြင့်တိုးတက်နေသော စက်မှုဂေဟစနစ်အား ကုမ္ပဏီ၏ ယုံကြည်ချက် ရှိမှုကို ပြသနေကြောင်း ပြောကြားခဲ့ပါသည်။ မလေးရှား ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်အဖွဲ့၏ အမှုဆောင်အရာရှိချုပ် Datuk Sikh Shamsul Ibrahim Sikh Abdul Majid က Hotayi ၏ တိုးချဲ့မှုသည် နည်းပညာမြင့်ကုန် ထုတ်လုပ်ခြင်းတွင် ကျော်ကြားမှုမြင့်တက် လာခြင်းကို ရောင်ပြန်ဟပ်ကြောင်း ပြောကြားခဲ့ပါ သည်။ Mida ကထိုသို့ မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုသည် မလေးရှားလူမျိုးများအတွက် ကျွမ်းကျင်မှုမြင့်မားသော အလုပ်အကိုင် အခွင့်အလမ်းများကိုဖန်တီးနိုင်ရုံသာမက စဉ်ဆက်မပြတ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပေးစွမ်းနိုင်ကြောင်းပြောကြားခဲ့ပါသည်။ Hotayi Electronic ၏ အမှုဆောင်အရာရှိချုပ် Datuk Goh Guek Eng က ထိုတိုးချဲ့မှုသည် ၎င်းတို့၏ဝယ်ယူသူများ၏ လိုအပ်ချက်များကို ပံ့ပိုး ပေးနိုင်ရန် အရည်အသွေး၊ စွမ်းဆောင်ရည်၊ ဆန်းသစ်တီထွင်မှုနှင့် စဉ်ဆက်မပြတ် တိုးတက်မှုတို့ကို မြှင့်တင်ရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့ပါသည်။ Hotayi Electronic သည် ၁၉၉၂ ခုနှစ်မှစ၍ မလေးရှား၏အီလတ်ထရောနစ်လုပ်ငန်းတွင် အဓိကနေရာ၌ ရပ်တည်နေပြီး အခြေခံအဆောက်အအုံတွင် စဉ်ဆက်မပြတ်ရင်းနှီးမြှုပ်နှံလျက်ရှိကြောင်း သိရှိရပါသည်။

Malay Mail

DOCA(ရန်ကုန်)