Main menu

စက်မှုဇုန်များ၏ယှဉ်ပြိုင်နိုင်စွမ်းအားကောင်းမှုသည် နိုင်ငံ၏ စီးပွားရေးကြီးထွားမှုကို ၈ ရာခိုင်နှုန်းထိ မြှင့်တင်ပေးနိုင်

Powered by Drupal

            အင်ဒိုနီးရှားနိုင်ငံစက်မှုဝန်ကြီး Faisol Riza က ပြည်တွင်းစက်မှုဇုန်များ၏ ယှဉ်ပြိုင်နိုင်စွမ်း အားကောင်းခြင်းသည် သမ္မတ Prabowo Subianto ရည်မှန်းထားသည့် စီးပွားရေးကြီးထွားနှုန်း ၉ ရာခိုင်နှုန်း ရရှိရန် ပံ့ပိုးပေးနိုင်မည်ဟု ပြောကြားခဲ့ပါသည်။ ဝန်ကြီးဌာန၏ မတ်လ ၁၉ ရက်နေ့ ကထုတ်ပြန်ချက်တွင် ရေနံနှင့် ဂတ်စ်မဟုတ်သည့် ကုန်ပစ္စည်းပြုပြင်ထုတ်လုပ်သည့်ကဏ္ဍသည် အင်ဒိုနီးရှားစီးပွားရေးတွင် ကျောရိုးအဖြစ် ဆက်လက်တည်ရှိနေကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ် တွင် ကုန်ထုတ်လုပ်မှုကဏ္ဍသည် နိုင်ငံ GDP တွင် ၁၇.၆ ရာခိုင်နှုန်းပါဝင်ပြီး အမြင့်ဆုံးအခွန်ငွေ ၂၅.၈၄ ရာခိုင်နှုန်းရရှိကြောင်း သိရပါသည်။ ထို့ကြောင့် စက်မှုဇုန်ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်ခြင်း သည် နိုင်ငံ၏ GDP အချိုးကို မြှင့်တင်နိုင်ရုံသာမက အင်ဒိုနီးရှားအား အလယ်အလတ်ဝင်ငွေရှိသည့် နိုင်ငံအဖြစ်မှ မြင့်တက်ရန်ကူညီပေးနိုင်မည်ဟု သိရပါသည်။ လတ်တလောတွင် အင်ဒိုနီးရှား၌ လုပ်ငန်း လည်ပတ်နေသည့် စက်မှုဇုန် ၁၆၈ ခုရှိကြောင်း သိရပါသည်။ ဝန်ကြီးဌာန အောက်ရှိ Resilience,regional and international industrial access ၏ ညွှန်ကြား‌ရေးမှူးချုပ် Tri Supondy က ၎င်း၏ဌာနသည် စက်မှုဇုန်ယှဉ်ပြိုင်နိုင်စွမ်းအားကောင်းရန် ဗျူဟာမြောက် မူဝါဒများ ပြင်ဆင်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ အမျိုးသားအလယ်အလတ်ကာလဖွံ့ဖြိုး တိုးတက်မှုအစီအစဉ် ၂၀၂၅-၂၀၂၉ အရ ထိုဗျူဟာသည် ရေနံနှင့်ဂတ်စ်မဟုတ်သည့် ပြုပြင် ထုတ်လုပ်သည့်လုပ်ငန်း၏ GDP ကို ၂၀၂၉ ခုနှစ်တွင် ၈.၅၉ ရာခိုင်နှုန်းထိ မြှင့်တင်ရန်ရည်ရွယ်ကြောင်း သိရပါသည်။ စက်မှုဇုန်အသင်း၏ဥက္ကဌ Sanny Iskandar ကစက်မှုဇုန်များ  ယှဉ်ပြိုင်နိုင် စွမ်းတိုးတက်မှုအရှိန်မြှင့်တင်ရန် အစိုးရ၊ ကုန်ထုတ်လုပ်သူများနှင့် ဘဏ္ဍာရေးကဏ္ဍကြား အားကောင်းသောမိတ်ဖက်ဖွဲ့မှုလိုအပ်ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Antara News

DOCA(ရန်ကုန်)