Main menu

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဩဇာသီးဈေးကွက်

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးထွန်းကားသော ဒေသဖြစ်ပြီး၊ ဩဇာသီး ကို ဒေသတွင်းတွင် စိုက်ပျိုးမှု အနည်းငယ်ရှိသော်လည်း၊ အများစုမှာ အခြားဒေသများမှ တင်ပို့ရောင်းချ နေခြင်း ဖြစ်သည်။ ဩဇာသီးသည် ကျန်းမာရေးအတွက် အထောက်အကူပြုပြီး၊ ဗီတာမင်နှင့် သတ္တုဓာတ်များ ကြွယ်ဝသောကြောင့် လူကြိုက်များသော သစ်သီးတစ်မျိုးဖြစ်သည်။ ဩဇာသီးများကို အဓိကအားဖြင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့မှ တင်ပို့လာခြင်း ဖြစ်သည်။ ထိုဒေသများတွင် ဩဇာသီးစိုက်ပျိုးမှု များပြားပြီး၊ ရာသီအလိုက် ထွက်ရှိ သောကြောင့် ဖြစ်သည်။ ဩဇာသီးများကို လတ်လတ်ဆတ်ဆတ် ရောင်းချသလို၊ ခြောက်သွေ့အောင် ပြုလုပ်ပြီး ရောင်းချသည့် ဈေးသည်များလည်း ရှိသည်။

ဩဇာသီးကို လတ်လတ်ဆတ်ဆတ် စားသုံးခြင်းအပြင်၊ ဖျော်ရည်များ၊ ခြောက်သွေ့အောင် ပြုလုပ်ပြီး စားသုံးခြင်း၊ ဆေးဖက်ဝင်အဖြစ် အသုံးပြုခြင်းများလည်း ရှိသည်။ ဩဇာသီးသည် ကျန်းမာရေး အတွက် အထောက်အကူပြုပြီး၊ ဗီတာမင်စီ၊ သံဓာတ်နှင့် အမျှင်ဓာတ်များ ကြွယ်ဝ သောကြောင့် လူကြိုက်များလာသည်။ ဩဇာသီးသည် ကျန်းမာရေးနှင့် ညီညွတ်ပြီး စားသုံးမှုများပြားလာသည်နှင့်အမျှ ဈေးကွက်တွင် ပိုမိုတွင်ကျယ်လာမည်ဟု မျှော်လင့်ရပါသည်။ ထို့ပြင်ဩဇာသီးဈေးနှုန်းများသည် ရာသီ အလိုက် ပြောင်းလဲမှုရှိပြီး၊ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်ပေါ်တွင်လည်း မူတည်သည်။ ပေါ်ဦး ပေါ်ဖျားချိန်တွင် (၁) လုံးလျှင် (၃၀၀၀) ကျပ်အထိ ဈေးကောင်းရလျက်ရှိပြီး ပုံမှန်ချိန်တွင်  (၁) လုံးလျှင် ၇၀၀/၁၀၀၀ ကျပ်အထိ ဈေးနှုန်းရှိကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)