
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်အတွင်းရှိ နေထိုင်သူများသည် စိုက်ပျိုးရေး နှင့် မွေးမြူရေး လုပ်ငန်းများကို အသက်မွေးဝမ်းကြောင်း လုပ်ငန်းများအဖြစ်ဆောင်ရွက်ကြပြီး ယင်း လုပ်ငန်းများမှ ထွက်ရှိလာသောထုတ်လု်ပမှုများသည့် ဧရာဝတီတိုင်းဒေသကြီး၏ စီးပွားရေး ဖွံ့ဖြိုးမှုတွင် အရေးပါသော အခန်းကဏ္ဍမှ ရပ်တည်ပေးနေတာဘဲဖြစ်ပါတယ်။ အလားတူပင် မအူပင်ခရိုင်အတွင်းရှိ ဓနုဖြူမြို့နယ်သည်လည်း မတ်ပဲစိုက်ပျိုးမှုအတွက် ထင်ရှားသည့် ဒေသ တစ်ခုပင် ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်တွင် ဓနုဖြူမြို့နယ်၌ မတ်ပဲစိုက်ပျိုးဧကပေါင်း ၈၉၃၃၄ ဧက အား စိုက်ပျိုးနိုင်ခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲစိုက်ပျိုးမှုကို အောက်တိုဘာလမှ စတင်ပြီး၊ ဖေဖော်ဝါရီလတွင် သီးနှံထွက်ပေါ်လာလေ့ရှိပါတယ်။ မတ်ပဲမျိုးစိတ်အနေနှင့် မတ်ပဲပင်ထောင် မျိုးများကိုသာ စိုက်ပျိုးကြပြီး၊ တစ်ဧကလျှင် မျိုးခြောက်ပြည်ခန့်ကို ကြဲပက်စနစ်ဖြင့် စိုက်ပျိုး ကြပါတယ်။ တစ်ဧကလျှင် မတ်ပဲစိုက်ပျိုးရန် ကုန်ကျစရိတ်သည် မျိုးစပါး၊ သွင်းအားစုနှင့် လုပ်သားခ အပါအဝင် ငွေကျပ် ၇၀၀၀၀၀ ခန့်ရှိနိုင်ပြီး တစ်ဧကလျှင် မတ်ပဲ ၁၂ တင်း မှ ၁၅ တင်း ခန့် ထွက်ရှိနိုင်ပါတယ်။ ဈေးကွက်အနေဖြင့် မတ်ပဲတစ်တင်းလျှင် ငွေကျပ် ၁၅၀၀၀၀ ဖြင့် ရောင်းဝယ်လေ့ရှိကြောင်းလည်း မတ်ပဲတောင်သူများထံမှ သိရှိရပါတယ်။ ဓနုဖြူမြို့မှ စိုက်ပျိုး ထွက်ရှိလာသောမတ်ပဲများအား ဓနုဖြူမြို့နယ်အတွင်းရှိ ပွဲရုံများထံသို့ ရောင်းချကြပြီး ပွဲရုံများမှ ရန်ကုန်မြို့သို့ ထပ်မံတင်ပို့ရောင်းချကြပါတယ်။ ရန်ကုန်မှတစ်ဆင့် ပြည်ပဈေးကွက် ဖြစသော သို့ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံ များထံသို့လည်း တင်ပို့ ရောင်းချမှုများ ရှိနေပြီ ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။
DOCA(ဧရာဝတီ)