Main menu

ဝယ်လိုအား မြင့်တက်နေတဲ့ ဝါးခယ်မမှ ငါးခူဈေးကွက်

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်ရှိ ဒေသခံငါးမွေးမြူရေး လုပ်ငန်းများသည် ပြည်တွင်းစျေးကွက်တွင် တဖြည်းဖြည်းအောင်မြင်မှုရရှိနေပြီ ဖြစ်ပါတယ်။ အထူးသဖြင့် ၂၀၂၅ ခုနှစ်အတွင်း၌ ဇန်ဝါရီလအတွင်းတွင် ဝါးခယ်မမြို့နယ်မှ ရန်ကုန်ဈေး ကွက်သို့ ငါးခူပိဿာချိန် ၄၅၀၀၀ ထိ တင်ပို့ခဲ့ပြီး၊ ဖေဖော်ဝါရီလအတွင်းတွင် ဝါးခယ်မမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ငါးခူပိဿာချိန် ၆၈၀၀၀ ထိ တင်ပို့မှုပမာဏ မြင့်တက်လာတာ တွေ့ရ ပါတယ်။ ၂၀၂၅ ခုနှစ် မတ်လပိုင်းအကုန်လောက်တွင်လည်း ယခုပမာဏထက် ကျော်လွန်၍ တင်ပို့ရမည်ဟူ၍ လည်း ငါးမျိုးစုံရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် များ ထံမှ သိရှိရပါတယ်။ ငါးခူသည် ပြည်တွင်းစားသုံးသူများကြားတွင် လူကြိုက်များသော ငါးအမျိုး အစားဖြစ်ပြီး၊ ယခုအချိန်တွင် လည်း ရန်ကုန်ဈေးကွက်မှ ဝယ်ယူလိုအားကောင်းနေသောကြောင့် တင်ပို့မှုများ တိုးလာသည့် အခြေအနေဖြစ်ကြောင်း သိရပါတယ်။ ထို့အပြင် ဈေးကွက်တွင် ငါးခူ ၁၀ ပိဿာကို ငွေကျပ် ၁၅၅၀၀၀ ခန့်ပေါက်ဈေးရရှိနေခြင်းသည် ဝါးခယ်မဒေသရှိ ငါးမွေးမြူရေးလုပ်ငန်းများ အတွက် ခွန်အားဖြစ်လာစေသကဲ့သို့ စီးပွားရေးတိုးတက်မှုအနေဖြင့် ငါးမွေးမြူသူများ၊ ငါးဝယ်ယ ူရောင်းချသူများ၊ ရေလုပ်သားများနှင့် ကုန်တင်ယာဉ်လိုက်လုပ်သားများ အတွက် အလုပ်အကိုင် အခွင့်အလမ်းအသစ်များဖန်တီးပေးလာ နိုင်နေပြီ ဖြစ်ပါတယ်။ လုပ်သားများအတွက် အလုပ် အကိုင် နှင့် ဝင်ငွေတိုးတက်မှုများသည် ဒေသခံပြည်သူများ၏ နေထိုင်မှုအခြေအနေကို တိုးတက် စေပြီး ဝါးခယ်မ ဒေသစီးပွားရေးအခြေအနေကိုပါ တစ်ဆင့်တစ်ဆင့်မြှင့်တင် ပေးနိုင်မည်ဖြစ်ပါ ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

DOCA(ဧရာဝတီ)