Main menu

ဈေးကွက်လိုအပ်ချက်မြင့်တက်နေတဲ့ ဘိုကလေးဒေသထွက် ငါးခေါင်းပွ ဈေးကွက်

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်မှ ထွက်ရှိသော ရေထွက်ကုန် ပစ္စည်းများအနက် ငါးခေါင်းပွသည် ပြည်တွင်းဈေးကွက်လိုအပ်ချက် မြင့်တက်နေသော ရေထွက် ပစ္စည်းအဖြစ်နေရာယူလာတာကိုလည်း တွေ့ရှိရမှာဖြစ်ပါတယ်။ ဘိုကလေးဒေသထွက် ငါးခေါင်း ပွအား ရန်ကုန်ဈေးကွက် သို့ တင်ပို့ရောင်းချမှုအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ တစ်လ ပတ်လုံးအတွင်းတွင် ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ငါးခေါင်းပွပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့သည်။ ထိုအရေအတွက်မှာ ယခင်လဖြစ်သည့် ဇန်နဝါရီလက တင်ပို့ ရောင်းချနိုင်ခဲ့သည့် ပိဿာ ၅၅၀၀၀ နှင့် နှိုင်းယှဉ်လျှင် တော်တော်များပြားလာ သည်ကို တွေ့ရ ပါတယ်။

 ဒေသခံရေထွက်ကုန်ရောင်းဝယ်ရေးလုပ်ငန်းများအနေဖြင့် ဒေသထွက် ရေထွက်ကုန်များ ကိုလည်း စဉ်ဆက်မပြတ် ရန်ကုန်ဈေးကွက်သို့ တင်ပို့ ရောင်းချလျက်ရှိကြသော်လည်း “ ဘိုက လေးမြို့နယ်ဘက်ကနေ ငါးခေါင်းပွတွေကို ရန်ကုန်ဈေးကွက်ကို အများဆုံးတင်ပို့ရောင်းချ နေရပြီး၊ လွန်ခဲ့တဲ့ တစ်လအတွင်းမှာ ငါးခေါင်းပွတွေ တင်ပို့အား ထပ်ကောင်းလာပါတယ်။ ပြည်တွင်းမှာကို ငါးခေါင်းပွက ဝယ်လိုအားများနေလို့ ဈေးကောင်းရရှိနေတာပါ။ လက်ရှိ ငါးခေါင်းပွတွေဝယ်လိုအား ကောင်းလာသလို ဈေးလဲမြောက်လာပါတယ်။ ဒါ့ကြောင့် ငါးလုပ်ငန်း ရဲ့နယ်ပယ်အသီးသီးကသူတွေ အဆင်ပြေနေပါတယ်" ဟု ဘိုကလေးဒေသခံ ရေလုပ်ငန်းရှင် များထံမှလည်း သိရှိရပါတယ်။

ယခုအချိန်တွင် ဘိုကလေးမှ တင်ပို့သော ငါးခေါင်းပွတစ်ပိဿာအား ငွေကျပ် ၁၂၅၀၀ ထိ ဈေးတင်ရောင်းချနိုင်နေနိုင်ပြီ ဖြစ်ပါတယ်။ ဤသို့ တစ်နေ့တစ်နေ့ တင်ပို့ရောင်းချမှု များပြား လာသည်နှင့်အမျှ၊ ဒေသတွင်းမွေးမြူရေးလုပ်ငန်းရှင်များအပြင်မွေးမြူရေးလုပ်သားများ၊ ကုန် သည်များ၊ ကုန်တင်ယာဉ်လိုက်လုပ်ကိုင်သူများစွာအတွက် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက် လာနေပြီ ဖြစ်ပါကြောင်း တင်ပြရေးသား လိုက်ရပါတယ်။

DOCA(ဧရာဝတီ)