ပြည်ပဲဈေးကွက်တွင် ပဲမျိုးစုံသီးနှံများထဲမှ ပြည်ပဝယ်လိုအားရှိသောပဲများ ဈေးနှုန်းမြင့် တက်လာသလို ပြည်တွင်းလက်လီ အရောင်းအဝယ်ဖြစ်တဲ့ ပဲများလည်း ဈေးကောင်းရလျှက် ရှိနေခဲ့ကြောင်းသိရှိရပါသည်။ ပဲနီပြားနှင့် စားတော်ပဲသီးနှံမှာ လက်လီပဲဈေးကွက်တွင် ဈေးကောင်းရနေ တာကြောင့် ပဲနီပြားတစ်တင်း ၅၁၀၀၀ကျပ်၊ စားတော်ပဲတစ်တင်း ၉၀၀၀၀ကျပ် တို့ဖြင့် အသီးသီး ရောင်းဝယ်နေခဲ့ကြပါသည်။ လက်လီသာ အရောင်းအဝယ်ဖြစ်ပြီး တစ်ရက်အိတ် ၂၀/၃၀ ခန့် စားတော်ပဲသီးနှံရောင်းဝယ်မှုဖြစ်သလို ၊ ပဲနီပြားသီးနှံကတော့ တစ်ရက်အိတ် ၄၀/၅၀ ကျော် အထိ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါပဲများမှာ ပဲအဝင်မရှိသော်လည်း လက်ကျန် လှောင်ပဲများရှိနေသည့်အတွက် နေ့စဉ်အရောင်းအဝယ်ဖြစ်သော သီးနှံများဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)