Main menu

စားအုန်းဆီဝယ်ယူခွင့်စာအုပ်များဖြင့်ဆီဖြန့်ဖြူးရောင်းချမှုအားစနစ်တကျရှိစေရေးအသိပညာပေး

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် (၁၁.၃.၂၀၂၅)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ဟင်္သာတမြို့နယ်၊ လယ်တော်ကျေးရွာ၊ အဝေးပြေးကားဝန်းအတွင်းရှိ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းရုံး၌ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးများအား တွေ့ဆုံဆွေးနွေးခြင်းနှင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းဆောင်ရွက်ခဲ့ပါသည်။

            ဟောပြောပွဲတွင် ဟင်္သာတမြို့နယ်တာဝန်ခံ ဦးမိုးကျော်မှ စားအုန်းဆီဝယ်ယူခွင့်စာအုပ်များဖြင့် ကျေးရွာ/ရပ်ကွက်အတွင်းရောင်းချရာတွင် အုပ်ချုပ်ရေးမှူးများအနေဖြင့် ကုန်စုံဆိုင်ပိုင်ရှင်များမှ တစ်ဆင့် အိမ်ထောင်စုများအား ဆီရောင်းချရာတွင် စနစ်တကျဖြန့်ခွဲပေးနိုင်ရေး၊ ပြည်သူလူထု လက်ထဲသို့ အရောက်ပေးပို့နိုင်ရေး၊ စားအုန်းဆီရောင်းချသောကုန်စုံဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးပါ ဗွီနိုင်းများကို ဆိုင်ရှေ့တွင် ချိတ်ဆွဲထားရန်၊ အိမ်ထောင်စုစာရင်းကိုင်ဆောင်ထားသည့် အိမ်ထောင်စုတိုင်းကို ရောင်းချပေးရန်၊ အဆင်မပြေမှုများရှိလာလျှင်လည်း မိမိကိုယ်တိုင် ကျေးရွာများသို့ လာရောက်ပြီး လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ဟောပြောခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး များနှင့် ကုန်စုံဆိုင်လုပ်ငန်းရှင်များဘက်မှလည်း သိလိုသည်များ မေးမြန်း၍အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)