Main menu

ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် မိုးစပါး သဏ္ဍာန်ကျဲခင်းများစတင်စိုက်ပျိုး

Powered by Drupal

         ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ယခုဇွန်လပထမပတ်မှစ၍ မိုးစပါးသဏ္ဍာန်ကျဲခင်းများ စတင်စိုက်ပျိုးနေပြီဖြစ်ပါသည်။ ထိုသို့မိုးစပါးသဏ္ဍာန်ကျဲခင်းစိုက်ခင်းစိုက်ပျိုးနေသော သဲကုန်းမြို့နယ်၊ ညောင်ဝန်းအုပ်စု၊ ညောင်ဝန်းကျေးရွာသို့ (၈.၆.၂၀၂၂)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ သဲကုန်းမြို့နယ်တာဝန်ခံ ဦးခင်မောင်ထွန်းနှင့်ဝန်ထမ်းများသည် သွားရောက်၍ ကွင်းဆင်းလေ့လာခဲ့ပါသည်။

        သဲကုန်းမြို့နယ်၊ ညောင်ဝန်းအုပ်စု၊ ညောင်ဝန်းကျေးရွာတွင် မိုးစပါးစိုက်ပျိုးဧက (၃၀၀)ကျော်အား သဏ္ဍာန်ကျဲခင်းအဖြစ်စိုက်ပျိုးလျက်ရှိရာ စိုက်ပျိုးသောစပါးမျိုးမှာ ရတနာတိုးစပါးမျိုးများကို စိုက်ပျိုးကြောင်း သိရှိိရပါသည်။ မိုးစပါးသဏ္ဍာန်ကျဲခင်းများစိုကိပျိုးရာတွင် တစ်ဧကလျှင် မျိုးစပါး (၃)တင်း မှ (၄)တင်းအထိကျဲပက်ရပြီး မိုးမရွာသောအချိန်များတွင် ကျဲပက်စိုက်ပျိုးရပါသည်။ တောင်သူများအနေဖြင့် မိုးကြိုစပါးများစိုက်ပျိုးရာတွင် စိုက်ခင်းများဖြင့်စိုက်ပျိုးခြင်းနည်းသွားပြီး ကျဲခင်းများအဖြစ်သာစိုက်ပျိုးကြသဖြင့် ကုန်ကျစရိတ်လည်းသက်သာပြီး၊ အထွက်နှုန်းလည်း ကောင်းသဖြင့် ပိုမိုဦးစားပေးစိုက်ပျိုးလာကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)