Main menu

“ကြက်သွန်နီစိုက်ပျိုးမှုနှင့်စျေးနှုန်းစျေးကွက်အခြေအနေ”

Powered by Drupal

          မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်အတွင်းတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ၊ ကြက်သွန်နီ(ဆောင်း)သီးနှံအား ကျောက်ဆည်မြို့နယ်တွင်(၇၈၈၆)ဧက၊စဉ့်ကိုင်မြို့နယ်တွင်(၃၅၁၅) ဧက၊မြစ်သားမြို့နယ်တွင်(၁၅၅၀၁)ဧက၊ စုစုပေါင်း(၂၆၀၉၂)စိုက်ပျိုးခဲ့ပါသည်။ ၄င်းသီးနှံအား နိုဝင်ဘာလ တွင်ပျိုးထောင်ပြီး ဒီဇင်ဘာလတွင် စတင်စိုက်ပျိုး၍ ယခုအချိန် မတ်လတွင် ဖြိုင်ဖြိုင်ထွက်ပေါ် လျှက်ရှိကြောင်း၊ မျိုးအနေဖြင့် ရွှေဖလားမျိုးအားအသုံးပြုပြီး (၂)ပြည်ခွဲ စိုက်ပျိုးရကြောင်း ၊ မျိုးစျေးနှုန်းအနေဖြင့် (၁)ပြည်လျှင်(၁၅၀၀၀၀/-)ကျပ်ပေးရကြောင်း၊ (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခအပါအဝင် မြေအမျိုးအစားပေါ်မူတည်ပြီး (၂၅-၃၀)သိန်းကျပ်အထိကုန်ကျ ကြောင်း၊ အထွက်နှုန်းအနေဖြင့် (၁)ဧကလျှင် (၃၀၀၀)ပိဿာခန့် ထွက်ရှိကြောင်း ၊ ကြက်သွန်အား ပွဲရုံများ၌ အမျိုးအစား(၄)မျိုးခွဲခြားထားသော်လည်း တောင်သူများထံမှ တိုက်ရိုက်ဝယ်ယူရာတွင် အမျိုးအစား ခွဲခြားမှုမရှိဘဲ ထွက်ရှိသည့်အတိုင်းဝယ်ယူခဲ့ကြောင်း ၊ စတင်ထွက်ရှိသည့် မတ်လဆန်း တွင်ကြက်သွန်(၁)ပိဿာလျှင်(၂၀၀၀/-)ကျပ် ရှိသော်လည်း ယခုအချိန်တွင် (၁၃၀၀/-)ကျပ်သာ ရှိကြောင်း ၊ ၄င်းစျေးနှုန်းအပေါ်တောင်သူများအနေဖြင့် အကျိုးအမြတ်အားဖြင့် (၉၀၀၀၀၀-၁၄၀၀၀၀၀)ကျပ် သာရရှိသည့်အတွက် အချို့တောင်သူများမှာ တက်စျေးမျှော်ပြီး စိုက်ခင်းထဲ၌ တူးဖော်ခြင်းမရှိဘဲထားရှိခြင်းများလည်းရှိကြောင်း၊ ကျောက်ဆည်ခရိုင်မှ ထွက်ရှိသည့် ကြက်သွန်များ အား မူဆယ် ၊ မြဝတီ နှင့် ရန်ကုန် စျေးကွက်များသို့ တင်ပို့ရောင်းချလျှက်ရှိကြောင်း ၊ ကြက်သွန်အား အဆင့်(၄)မျိုးဖြင့်ခွဲခြားထားရာဘုရင့်နောင်စျေးကွက်၌ ကြက်သွန်(၁)ပိဿာလျှင် အဆင့်-၁(၂၄၀၀/-) ကျပ်၊ အဆင့်-၂(၂၄၀၀/-)ကျပ် ၊ အဆင့်-၃(၁၉၅၀/-)ကျပ် နှင့် အဆင့်-၄(၁၄၀၀/-)ကျပ်ရှိကြောင်း ၊ ကားခ‌စျေးနှုန်းများအနေဖြင့် (၁)ပိဿာလျှင် ကျောက်ဆည် မှ မြဝတီသို့(၁၇၀/-)ကျပ် ၊ မူဆယ်သို့ (၁၇၅/-)ကျပ် နှင့် ရန်ကုန်သို့ (၁၄၅/-)ကျပ်ဖြင့် တင်ပို့လျှက်ရှိကြောင်း ၊ ထိုသို့ ကြက်သွန်များ စျေးနှုန်းများကျဆင်းရခြင်းမှာ အိန္ဒိယကြက်သွန်များ စတင်ထွက်ရှိနေပြီဖြစ်သဖြင့် စျေးနှုန်းများ ကျဆင်းရခြင်းဖြစ်ကြောင်း ၊ ကြက်သွန်စိုက်ပျိုးသော တောင်သူ၊ ကုန်သည်များထံမှသိရှိရပါသည်။

DOCA(မန္တလေး)