
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်သည် အညာဒေသလယ်တွင်းကိုးခရိုင်တွင် တစ်ခု အပါအဝင်ဖြစ်ပြီး စိုက်ပျိုးရေးကိုအခြေခံ၍ စပါး၊ပဲမျိုးစုံ၊ဆီထွက်သီးနှံမျိုးစုံ၊ငရုတ်၊သရက်နှင့်ငှက်ပျော စသည့်သီးနှံများအား ရာသီအလိုက်စိုက်ပျိုးလျှက်ရှိပါသည်။၄င်းသီးနှံများအနက် ငှက်ပျောသီးနှံအား တစ်နိုင်တစ်ပိုင်စိုက်ပျိုးရာမှ စီးပွားဖြစ်စိုက်ပျိုးလာကြပါသည်။၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်တွင် ငှက်ပျော စိုက်ဧက ကျောက်ဆည်မြို့နယ်တွင်(၁၂၈၂)ဧက စိုက်ပျိုးခဲ့ပြီး (၁၂၆၄)ဧက ရိတ်သိမ်းပြီးစီးပြီဖြစ် ကြောင်း၊ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည် ။ ငှက်ပျောကို ရာသီ မရွေးစိုက်ပျိုးနိုင်ကြောင်း၊ငှက်ပျောစိုက်ပျိုးရာတွင် (၁)ဧကလျှင် အပင်(၈၀၀)စိုက်ပျိုးရကြောင်း၊ တစ်ပင်နှင့်တစ်ပင်(၈)ပေခြားကာစိုက်ပျိုးရပြီး(၉-၁၀)လအကြာတွင် ငှက်ပျောဖူးများစတင်ထွက်ရှိ၍ ငှက်ပျောဖူးထွက်ပြီး(၃)လကြာလျှင် ရောင်းတန်းဝင် ငှက်ပျောခိုင်များရရှိလာပါသည်။ကျောက်ဆည် ဒေသ၌အများအားဖြင့် ဖီးကြမ်းငှက်ပျောမျိုးများကိုအဓိကထားစိုက်ပျိုးကြပါသည်။(၁)ဧကစိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် ပျိုးပင်၊သွင်းအားစု၊လုပ်သားခအပါအဝင် စုစုပေါင်း(၁၅)သိန်းကျပ်ဝင်းကျင် ခန့်ကုန်ကျကြောင်းသိရှိရပါသည် ။ ငှက်ပျောခြံများမှ ငှက်ပျောအခိုင်(၄၀)ပါ လှည်းတစ်စီးလျှင် (၂၈၀၀၀၀/-)ကျပ်စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ငှက်ပျောသီးဖီးကြမ်း တစ်ဖီးစျေး နှုန်းမှာ လက်ရင်း(၃၀၀၀/-)ကျပ် ၊ လက်ဖျား(၂၅၀၀/-)ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ်လျှက်ရှိ ကြောင်း၊ (၁)ဧက အကျိုးအမြတ်အနေဖြင့် သိန်း(၄၀)ဝန်းကျင်ခန့်မြတ်ကြောင်း၊ ကျောက်ဆည် မြို့နယ်ရှိ ငှက်ပျောပွဲစားများသည် ငှက်ပျောခြံအထိ လာရောက်ဝယ်ယူကြကြောင်း ၊ စျေးကွက် အနေဖြင့် ရန်ကုန်၊ မန္တလေး၊ပဲ ခူးမြို့များ သို့တင်ပို့ရောင်းချကြောင်း၊ကျောက်ဆည်မြို့နယ်ရှိ ငှက်ပျော ပွဲစားများသည် ရွှေသိမ်တော်ဘုရားရှိ ကန်တော့ပွဲရောင်းချသည့်ဆိုင်များသို့လည်း ရောင်းချလျှက်ရှိပါ ကြောင်း၊ရွှေသိမ်တော်ဘုရားသည် ဆုတောင်းပြည့်စေတီဖြစ်၍ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများ စဉ်ဆက်မပြတ်လာရောက်ကြပြီး ကန်တော့ပွဲထိုး၍ ဆုတောင်းအဓိဌာန်များပြုလုပ်မှုနေ့စဉ်များပြား ပြီးအခါကြီးရက်ကောင်းရွက်မြတ်များတွင် ပိုမိုများပြားသဖြင့် ငှက်ပျောသီးရောင်းအား အလွန် ကောင်းမွန်လျှက်ရှိပါကြောင်း၊ငှက်ပျောစိုက်တောင်သူများအနေဖြင့် ဖီးကြမ်းငှက်ပျောများ စိုက်ပျိုး ရာတွင်အကျိုးအမြတ်များရရှိပြီးတွက်ခြေကိုက်သဖြင့် စီးပွားဖြစ်စိုက်ပျိုးလာကြကြောင်း၊ငှက်ပျောပင် စိုက်ပျိုးရာတွင်(၁)နှစ်နီးပါးအချိန်ကြာကြာစောင့်ရသော်လည်း စိုက်ပျိုးပြီးစီး၍ ရောင်းတန်းဝင်အပင် များဖြစ်လာပါက ငှက်ပျောခိုင်၊ ငှက်ပျောအရွက်၊ ငှက်ပျောပင်ပေါက်ကလေးများပါ ရောင်းချရသည့် အတွက် တစ်ပင်လုံးအသုံးဝင်သောကြောင့် ဖီးကြမ်းငှက်ပျောမျိုးများကို စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။
DOCA(မန္တလေး)