Main menu

“ကုလားပဲ(ဆောင်း)များလှိုင်လှိုင်ထွက်ပေါ်”

Powered by Drupal

          မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်သည် စိုက်ပျိုးရေးကိုအခြေခံပြီး သီးနှံမျိုးစုံစိုက်ပျိုး ဖြစ်ထွန်းလျှက်ရှိရာ ၄င်းသီးနှံများအနက် ကုလားပဲ(ဆောင်း)သီးနှံကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင်  စဉ့်ကိုင်မြို့နယ်တွင် (၁၆၃၀၄)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး(၃၇၂၅)ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း  ၊ ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည် ။ ကုလားပဲကိုမျိုးအနေဖြင့် V2မျိုး နှင့် ရိုးရိုးကုလားပဲလုံးသေးမျိုးဟူ၍(၂)မျိုး ရှိပြီး V2 ကုလားပဲမျိုးကိုသာ အများဆုံးစိုက်ပျိုး ကြကြောင်း၊ စိုက်ပျိုးမှုအနေဖြင့်(၁)ဧကလျှင် မျိုးစေ့ တစ်တင်း၊တစ်တင်းခွဲနှုန်းခန့် ပတ်ကြဲရကြောင်း၊ တောင်သူများအနေဖြင့် ကုလားပဲမျိုးကို မိမိအိမ်တွင် သေချာစွာသိမ်းဆည်းထားပြီး မျိုးအဖြစ် အသုံးပြုသလို အချို့တောင်သူများသည် စိုက်ပျိုးချိန်တွင် ပွဲရုံများမှဝယ်ယူ၍ စိုက်ပျိုးကြကြောင်း ၊ (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခ အပါအဝင်စုစုပေါင်း (၃၀၀၀၀၀)ကျပ် ဝန်းကျင်ခန့်ကုန်ကျကြောင်း ၊ အထွက်နှုန်းအနေဖြင့်(၁၀-၁၁)တင်းခန့် ထွက်ရှိကြောင်း ၊ ယခင်နှစ် ကုလားပဲစျေးနှုန်းအနေဖြင့် ကုလားပဲ(ရိုးရိုး) တစ်တင်းလျှင်(၇၈၀၀၀)ကျပ်၊ကုလားပဲ(V2)တစ်တင်း လျှင် (၈၆၀၀၀)ကျပ် စျေးနှုန်းများရှိခဲ့ပြီး ယခု ကုလားပဲပေါ်ချိန်တွင် ကုလားပဲ(ရိုးရိုး) တစ်တင်းလျှင် (၆၉၀၀၀)ကျပ် ၊ ကုလားပဲ(V2) တစ်တင်းလျှင် (၇၅၀၀၀)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း ၊ တောင်သူများမှ ကုလားပဲများကို မြို့ပေါ်ရှိပွဲရုံများသို့ သွားရောက်‌ရောင်းချကြ ကြောင်း ၊ ပွဲရုံများမှ တဆင့် မန္တလေး ၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြကြောင်း၊ (၁)ဧက အကျိုးအမြတ်အနေဖြင့် (၅၂၀၀၀၀)ကျပ် ဝန်းကျင်အကျိုးအမြတ်ရရှိနေပါကြောင်း ၊ ကုလားပဲ စိုက်ပျိုးခြင်းသည် ကုန်ကျစရိတ်သက်သာပြီး အချိန်ကုန်သက်သာခြင်းကြောင့် မိသားစုအပိုဝင်ငွေ ရရှိသောကြောင့် စိုက်ပျိုးသင့်သော သီးနှံဖြစ်ကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)