Main menu

“ဖူးစာပြောင်း(ဆောင်း) ရိတ်သိမ်းမှုနှင့်ဈေးနှုန်းဈေးကွက်အခြေအနေ”

Powered by Drupal

          ကျောက်ဆည်ခရိုင် ၊ စဉ့်ကိုင်မြို့နယ်သည် ဆည်ရေသောက် ဒေသဖြစ်သည့်အလျောက် သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ဖူးစားပြောင်းသီးနှံကို (၅၂၄)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခုအချိန်တွင် စဉ့်ကိုင်မြို့နယ်၌ စိုက်ပျိုးပြီးဧကအားလုံးရိတ်သိမ်းပြီးဖြစ်ကြောင်း၊ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။ ဖူးစားပြောင်း စိုက်ပျိုးရာတွင် ထိုင်ဝမ်သကြား ပြောင်း၊ထောပတ်ပြောင်းနှင့်ရှမ်းပြောင်းမျိုးများကိုသာ အများဆုံးစိုက်ပျိုးပြီး တစ်ဧကကုန်ကျစရိတ် အနေဖြင့်၊မျိုး၊သွင်းအားစု၊လုပ်သားခအပါအဝင် စုစုပေါင်း ကျပ်(၅၀၀၀၀၀/-)ကျော်ကုန်ကျကြောင်း၊ တစ်ဧကအထွက်နှုန်းအနေဖြင့် (၆၀၀၀)ဖူးခန့်ထွက်ရှိပြီး ထိုင်ဝမ်သကြားပြောင်းဖူးသည် လူကြိုက် များသောကြောင့် အရောင်းသွက်ပြီးဈေးကောင်းရကြောင်း၊ဈေးနှုန်းအနေဖြင့် ပြောင်းဖူးအရွယ်အစား ပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားမှုရှိ၍ ယခင်နှစ် ပြောင်းဖူးပေါ်ချိန်တွင် ဖောက်သည်ဈေး လက်ကား ဈေးအနေဖြင့် ပြောင်းဖူးတစ်ဖူးလျှင် (၃၀၀)ကျပ် ရောင်းချခဲ့ရပြီး ယခုနှစ် ဖောက်သည်ဈေးအနေဖြင့် ထိုင်ဝမ်သကြားပြောင်းဖူးတစ်ဖူးလျှင်(၅၀၀)ကျပ်၊ လက်လီဈေးအနေဖြင့် ထိုင်ဝမ်သကြားပြောင်းဖူး တစ်ဖူးလျှင်(၆၀၀)ကျပ်ဖြင့်ရောင်းချရကြောင်း၊ဈေးကွက်အနေဖြင့် မန္တလေးမြို့သို့ တိုက်ရိုက်ရောင်းချ ကြသည့်အပြင် ပွဲစားများမှလည်း စိုက်ခင်းအထိ လာရောက်ဝယ်ယူ၍ ကျောက်ဆည်မြို့ပေါ်ရှိ ဈေးများအတွင်းသို့ ရောင်းချလျက်ရှိကြောင်း၊ ရန်ကုန်၊ မန္တလေးကားလမ်းဘေးတွင်လည်း လက်လီ ရောင်းချကြကြောင်း၊ အကျိုးအမြတ်အနေဖြင့်  အထွက်နှုန်းနှင့်ဈေးနှုန်းပေါ်မူတည်ပြီး(၂၀-၂၅)သိန်း ကျပ်ဝန်းကျင်ခန့်မြတ်ကြောင်း၊ ယခုနှစ်ပြောင်းဖူးဈေးနှုန်းသည် ယခင်နှစ်ထက် ဈေးပိုမိုကောင်းမွန် သောကြောင့် ဖူးစားပြောင်း သီးနှံကို ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)