ပြည်ဈေးကွက်၌ ဇွန်လတတိယပတ်တွင် နှမ်းဈေးများမြင့်တက်လာသည်ကို တွေ့ရှိရပါသည်။ အောင်လံနှင့် မန္တလေးဝယ်လက်များက အဝယ်ပြန်ရှိလာသဖြင့် ဈေးမြင့်တက်လာသည်ကို တွေ့ရပါသည်။ နှမ်းကိုနေ့စဉ်အရောင်းအဝယ်မဖြစ်ပေမယ့် ရက်ခြားသာအရောင်းအဝယ်ဖြစ်သဖြင့် တခါတရံ အရောင်းအဝယ်ဖြစ်လျှင် အိတ် ၁၅၀ခန့် အရောင်းအဝယ်ဖြစ်သည်ဟု သိရပါသည်။ မိုးနှမ်းများ စိုက်ပျိုးရန် တောင်သူများ မျိုးရွေးချယ်နေချိန်ဖြစ်သဖြင့် မျိုးအတွက်နှမ်းများ အဝယ်လိုက်နေသဖြင့် မျိုးနှမ်းများလည်းဈေးမြင့်တက်လာသည်ဟု သိရပါသည်။ ပြည်မြို့အနီးအနားရှိ ကျေးရွာများတွင် နှမ်းနီကို စိုက်ပျိုးမှု့နည်းပြီး နှမ်းနက်ကို အဓိကထား၍စိုက်ပျိုးကြပါသည်။ ယခုဇွန်လ တတိယပတ်တွင် နှမ်းနီဈေးမှာ (၃)တင်းတစ်အိတ်လျှင် ၁၆၀၀၀၀ကျပ်၊ နှမ်းနက် (၃)တင်း တစ်အိတ်လျှင် ၁၇၀၀၀၀ကျပ်နှင့်၊ စမုံနက်နှမ်း(၃)တင်း တစ်အိတ်လျှင် ၂၂၀၀၀၀ကျပ်ဖြင့် ဈေးအနည်းငယ်မြင့်တက်လာခဲ့ပါသည်။
DOCA(ပဲခူး)