Main menu

ပန်းသီးဈေးကွက်အရောင်းသွက်

Powered by Drupal

            ပန်းသီးကို ကမ္ဘာတစ်ဝှမ်းတွင်စိုက်ပျိုးကြပြီး အဓိကအားဖြင့် အေးမြသောရာသီဥတုရှိ သည့်ဒေသများတွင် ပိုမိုကောင်းမွန်စွာဖြစ်ထွန်းသည်။ တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ပန်းသီး အများဆုံး ထုတ်လုပ်သည့်နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံတွင်ပန်းသီးကို တောင်တန်းဒေသများ ဖြစ်သော ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်များတွင်စိုက်ပျိုးဖြစ်ထွန်းသည်။

            ပန်းသီးသည် မျိုးကွဲပေါ်မူတည်၍ ရာသီအလိုက်ထွက်ရှိပြီး အဓိကအားဖြင့်နွေဦးနှင့် နွေရာသီတွင် ခူးဆွတ်ပြီးဈေးကွက်သို့ အများဆုံးဝင်ရောက်လျက်ရှိသည်။ မြင်းခြံမြို့နယ် အေးမြသီတာဈေးရှိ သစ်သီးအရောင်းဆိုင်များတွင် ယခုပန်းသီးတစ်လုံးလျှင် (၈၀၀) ကျပ်မှ (၁၅၀၀)ကျပ် ဖြင့်ရောင်းချလျှက်ရှိပြီး၊ အရွယ်အစား၊ အရည်အသွေးပေါ်မူတည်၍ဈေးနှုန်းများ ကွာခြားလျက်ရှိကြောင်း၊  ဈေးကွက်ဝင်ရောက်မှုအနေဖြင့် ရှမ်းပြည်နယ်၊ အောင်ပန်းမြို့၊ မန္တလေးမြို့ သစ်သီးပွဲရုံများမှဝယ်ယူပြီး ဒေသတွင်းဖြန့်ဖြူးရောင်းချကြောင်းသိရှိရသည်။ ယခင်တစ်ပတ်ပန်းသီး တစ်လုံးလျှင် ၁၃၀၀ ကျပ်မှ ၂၀၀၀ ကျပ်ဖြင့်ရောင်းဝယ်ခဲ့ပြီး ယခုတစ်ပတ်တွင်ပန်းသီးတစ်လုံးလျှင် (၅၀၀) ကျပ်ခန့်ဈေးကျဆင်းခြင်းမှာ ဈေးကွက်တွင်ပန်းသီးများ လှိုင်လှိုင်ထွက်ပေါ်ချိန်ဖြစ်သော ကြောင့် ဈေးနှုန်းကျဆင်းခဲ့ခြင်းဖြစ်သည်။ ပန်းသီးသည် အာဟာရဓာတ်ကြွယ်ဝပြီး ဗီတာမင်၊ သတ္တု ဓာတ်နှင့်အမျှင်ဓာတ်များကြွယ်ဝစွာပါဝင်၍အစာခြေစနစ်ကို ကောင်းမွန်စေပြီး၊ ဝမ်းမှန်၍ သွေးတွင်း ကိုလက်စထရောနှင့် နှလုံးရောဂါဖြစ်နိုင်ခြေကိုလျော့ချပေးကြောင်း၊   သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးပြီး ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို လျော့ချပေးခြင်း၊ ကယ်လိုရီနည်း၍ အမျှင်ဓာတ်များစွာ ပါဝင်သောကြောင့် ဗိုက်ပြည့်စေပြီး အစာစားချင်စိတ်ကို ထိန်းညှိပေးပြီး ကိုယ်အလေးချိန် ကျဆင်းစေရန် အထောက်အကူပြုသောကြောင့် အဝလွန်သောသူများအနေဖြင့် ကျန်းမာရေးအရ ပန်းသီးကိုစားသုံးသင့်ပေသည်။

DOCA(မန္တလေး)