Main menu

ဗီယက်နမ်အလယ်ပိုင်းတွင် မြို့ပြစီမံကိန်းသစ်တည်ဆောက်ရန် အမေရိကန်ဒေါ်လာ သန်း ၄၆၀ အသုံးပြုမည်

Powered by Drupal

          ပြည်တွင်းအိမ်ရာဆောက်လုပ်ရေးလုပ်ငန်းဖြစ်သည့် Futa Land joint-stock ကုမ္ပဏီ သည် ဗီယက်နမ်အလယ်ပိုင်းတွင် ၉၇.၆ ဟတ်တာကျယ်ဝန်းသော Thuan Phuoc မြို့ပြစီမံကိန်း ကို စတင်ဆောက်လုပ်လျှက်ရှိကြောင်း သိရပါသည်။ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၄၆၀ ရှိသည့် ထိုစီမံကိန်းသည် ဗီယက်နမ်အလယ်ပိုင်းတွင် ပထမဆုံး စံပြ အဆင့်မြင့်လူနေ အိမ်ရာနှင့် ဖျော်ဖြေရေးစင်တာဖြစ်လာမည်ဟု သိရပါသည်။ Thuan Phuoc Bay Urban Investment Company ၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Truong Dinh Trung ကထိုစီမံကိန်း တွင် အဆင့်မြင့်မြို့ပြနေရာ၊ ဖျော်ဖြေရေးစင်တာ၊ ကြယ်ငါးပွင့်နှင့် ခြောက်ပွင့်ဟိုတယ်များ၊ ကျောင်း၊ ဆေးရုံ၊ ဈေးဝယ်စင်တာ၊ ဘဏ်နှင့် ၁၆.၅ ဟတ်တာကျယ်ဝန်းသော ပန်းခြံတို့ပါဝင်မည် ဟု သိရပါသည်။ ထိုစီမံကိန်းကို Sai Gon Ha Noi Commercial SHB bank ကငွေကြေး ပံ့ပိုး ပေးသည်ဟု သိရပါသည်။ ထိုစီမံကိန်းတည်ရှိသည့် Da Nang မြို့တော် ပြည်သူ့ကော်မတီသည် ၂၀၂၀-၂၀၃၀ တွင် အိမ်ရာစီမံကိန်းသစ်များအတွက် အခန်းပေါင်း ၁၀၀၀၀ ရောင်းချရန် ကမ်းလှမ်းထားကြောင်း သိရပါသည်။ ထို့ပြင် နိုင်ငံခြားသားများအိမ်ရာပိုင်ဆိုင်နိုင်မည့် အိမ်ရာစီမံကိန်း ၁၇ ခုကိုလည်း စာရင်းပြုစုထားကြောင်း သိရပါသည်။ Da Nang မြို့တော်သည် ၎င်းတို့၏ ပထမဆုံး လွတ်လပ် သောကုန်သွယ်ရေးဇုန်၊ နိုင်ငံတကာဘဏ္ဍာရေးစင်တာနှင့် ကမ္ဘာလုံးဆိုင်ရာ ဆီမီးကွန်ဒတ်တာနှင့် AI ထုတ်လုပ်ရာအခြေစိုက်အဖြစ် ဖန်တီးမှုကို အရှိန်မြှင့်တင်လျှက်ရှိကြောင်း သိရပါသည်။

DOCA(ရန်ကုန်)