
တရုတ်အခြေစိုက်ထိပ်တန်းကားထုတ်လုပ်သူဖြစ်သည့် Geely Auto သည် မော်တော် ယာဉ်မော်ဒယ်သစ်များနှင့် အမှတ်တံဆိပ်မိတ်ဆက်ခြင်းနှင့် နိုင်ငံတစ်ဝှမ်း၎င်းတို့ဖြန့်ဖြူးရေး ကွန်ယက်ကြေညာမှုနှင့်အတူ မတ်လ ၂၁ ရက်နေ့က ဗီယက်နမ်ဈေးကွက်သို့ တရားဝင် ဝင်ရောက်ခဲ့ကြောင်း သိရပါသည်။ Geely Coolray မော်ဒယ်ကို ယှဉ်ပြိုင်နိုင်စွမ်းရှိသောဈေးနှုန်း အမျိုးအစား ၃ မျိုးကို တရားဝင်မိတ်ဆက်ခဲ့ကြောင်း သိရပါသည်။ ထိုမိတ်ဆက်ပွဲတွင် Standard အမျိုးအစားကို ဗီယက်နမ်ဒေါင် ၅၃၈ သန်း၊ Premium အမျိုးအစားကို ဗီယက်နမ်ဒေါင် ၅၇၈ သန်းနှင့် Flagship အမျိုးအစားကို ဗီယက်နမ်ဒေါင် ၆၂၈ သန်းဖြင့် ရောင်းချခဲ့ကြောင်း သိရပါသည်။ ထိုအမျိုးအစားများအပြင် Geely သည် Geely Monjaro SUV နှင့် Geely EX5 တို့ကို လည်း တရားဝင်မိတ်ဆက်ပြသခဲ့ကြောင်း သိရပါသည်။ ထိုပွဲတွင် Geely သည် အရောင်း ကိုယ်စားလှယ် ၁၅ ခုနှင့် နိုင်ငံတစ်ဝှမ်းအရောင်းစင်တာ ၁၅ ခုတို့ကို မိတ်ဆက်ခဲ့ကြောင်း သိရပါသည်။ ၎င်းတို့သည် ၂၀၂၅ ခုနှစ်အတွင်း အရောင်းကိုယ်စားလှယ် ၅၀ ထိတိုးချဲ့သွားရန် စီစဉ်ထားကြောင်း သိရပါသည်။ ယခင်ကလည်း Geely သည် Tasco Auto နှင့်ပူးပေါင်း၍ ဗီယက်နမ်နိုင်ငံ Thai Binh ပြည်နယ်တွင် အမေရိကန်ဒေါ်လာ ၁၆၈ သန်းတန်ကြေးရှိသော မော်တော်ယာဉ်တပ်ဆင်သည့်စက်ရုံ တည်ဆောက်ရန် မိတ်ဖက်ဖွဲ့ခဲ့ ကြောင်း သိရပါသည်။ ထိုပြည်တွင်း၌ တပ်ဆင်သည့်မော်ဒယ်အမျိုးအစားများကို ၂၀၂၆ ခုနှစ်တွင် စတင်ဖြန့်ဖြူးနိုင်ရန် မျှော်လင့်ရကြောင်း သိရပါသည်။
DOCA(ရန်ကုန်)