Main menu

၂၀၂၉ ခုနှစ်တွင် ရေနံထုတ်လုပ်နိုင်စွမ်းကို တစ်ရက်လျှင် စည် ၆ သန်းထိ မြှင့်တင်ရန် အီရတ်စီစဉ်

Powered by Drupal

          အီရတ်နိုင်ငံသည် ၂၀၂၉ ခုနှစ်တွင် ရေနံထုတ်လုပ်နိုင်စွမ်းကို တစ်ရက်လျှင် စည် ၆ သန်း ထိ တိုးမြှင့်ရန် စီစဉ်ထားကြောင်း အီရတ်ရေနံဝန်ကြီးဌာနက မတ်လ ၂၃ ရက်နေ့က ပြောကြားခဲ့ ပါသည်။ ရေနံဝန်ကြီးဌာန၏ အကြီးအကဲ Bassem Mohamed Khodeir က အီရတ်သည် Kirkuk ရေနံနှင့် ဂတ်စ်ကွင်း လေးခု ပြန်လည်တည်ထောင်ရန်  ဗြိတိန်ရေနံကုမ္ပဏီ BP plc နှင့် လတ်တလောစာချုပ်ထားပြီး နိုင်ငံတစ်ဝှမ်းရေနံများရှာဖွေဖော်ထုတ်သွားမည်ဟု ပြောကြားခဲ့ပါ သည်။ အီရတ်၏ လတ်တလော ရေနံထွက်ရှိမှုသည် တစ်ရက်လျှင်စည် ၄ သန်းခန့်ရှိကြောင်း သိရ ပါသည်။ ၎င်းတို့သည် ရုရှားပါဝင်သည့် ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့ချုပ် OPEC+ အဖွဲ့တွင် ဒုတိယအကြီးဆုံးထုတ်လုပ်သူဖြစ်ကြောင်း သိရပါသည်။ အီရတ်သည် ၎င်းတို့အနေဖြင့် ယခင် အလွန်အမင်းထုတ်လုပ်ခဲ့မှုများအတွက် ဖာထေးရန် နောက်ဆုံးပေါ်အစီအစဉ်ကို တင်ပြသွားမည် ဟု သိရပါသည်။ OPEC+ နိုင်ငံများသည် ၂၀၂၂ ခုနှစ်မှစ၍ များစွာသောအဆင့်များဖြင့်ရရှိထား သည့် သဘောတူညီချက်အရ ကမ္ဘာလုံးဆိုင်ရာရောင်းချမှု၏ ၅.၇ ရာခိုင်နှုန်းနှင့်ညီမျှသည့် ရေနံထုတ်လုပ်မှုကို တစ်ရက်လျှင် စည် ၅.၈၅ သန်း ထိ လျှော့ချခဲ့ပြီး ယခုနှစ် ဧပြီလမှစ၍ ရောင်းချမှုပြန်လည်မြှင့်တင်ရန် စီစဉ်ထားကြောင်း သိရပါသည်။

DOCA(ရန်ကုန်)