
အာဖဂန်နစ္စတန်၏ ကုန်သွယ်မှုပမာဏသည် ၁၄၀၃ ခုနှစ် (မတ်လ ၂၀ ရက်၊ ၂၀၂၅ တွင် ကုန်ဆုံးသည့် ပါရှန်းပြက္ခဒိန်အရ) ဒေါ်လာ ၁၃ ဘီလီယံနီးပါးအထိ ရှိလာခဲ့ပြီး ကုန်သွယ်မှု၏ အဓိက အစိတ်အပိုင်းမှာ သွင်းကုန်ကုန်စည်များဖြင့်ဖွဲ့စည်းထားကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ် ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ ၁၄၀၃ ခုနှစ်တွင် အာဖဂန်နစ္စတန်၏ ပို့ကုန်သည် အမေရိကန်ဒေါ်လာ ၁.၇၈၅ ဘီလီယံအထိ ရှိလာခဲ့ပြီး ၎င်း၏ သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၁.၁၆၄ ဘီလီယံရှိကြောင်း ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Akhundzada Abdul Salam Jawad ကို ကိုးကား၍ နိုင်ငံပိုင် သတင်း အေဂျင်စီ Bakhtar က ပြော ကြားခဲ့သည်။ အာဖဂန်နစ္စတန်၏ အဓိကပို့ကုန်များမှာ ဝါဂွမ်း၊ သင်္ဘောသဖန်းသီး၊ စပျစ်သီး၊ ကော်ဇော၊ အဖိုးတန်နှင့် တစ်စိတ်တစ်ပိုင်း အဖိုးတန်ကျောက်မျက် များဖြစ်ပြီး တင်ပို့သည့်နေရာများမှာ ပါကစ္စတန်၊ အီရန်၊ တရုတ်၊ ကာဇက်စတန်၊ တာဂျစ်ကစ္စတန်၊ တူရကီ၊ အီရတ်၊ အူစဘတ်ကစ်စ တန် နှင့် United Arab Emirates တို့ဖြစ်သည်။ တင်သွင်းသည့် ပစ္စည်းများမှာ ဓာတ်ဆီ၊ ဒီဇယ်၊ ဂျုံမှုန့်၊ ဓာတ်ငွေ့ရည်၊ ဆေးဝါး၊ ဟင်းချက်ဆီ၊ ဆန်၊ စက်များနှင့် ၎င်းတို့၏ အပိုပစ္စည်းများ ပါဝင်ပြီး အများစု မှာ တရုတ်၊ တာ့ခ်မင်နစ္စတန်၊ ရုရှား၊ အိန္ဒိယ၊ မလေးရှားနှင့် အခြားနိုင်ငံများမှ တင်သွင်းသည်။
DOCA(ရန်ကုန်)