Main menu

ရေတာရှည်မြို့တွင် စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

           ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် ဇွန်လ ၁၀ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့နယ်အတွင်း ရောင်းချလျက်ရှိသော စက်သုံးဆီဆိုင်များသို့ သွားရောက်၍ စက်သုံးဆီရောင်းချမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ပါသည်။

          မြို့နယ်တာဝန်ခံသည် ရေတာရှည်မြို့နယ်အတွင်း ရောင်းချလျက်ရှိသော စက်သုံးဆီဆိုင်များအနက်မှ အောင်မေတ္တာ၊ ဟန်ဝင်းအောင်၊ Petro-K, Petro-7, Kyaw San နှင့် Pyae စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ သက်ဆိုင်ရာဆိုင်တာဝန်ခံများက ရောင်းချရမှု အခြေအနေ၊ ဆီဘောက်ဆာယာဉ်ရောက်ရှိမှု၊ လက်ကျန်အခြေအနေနှင့်ဈေးနှုန်းများကို ရှင်းလင်းတင်ပြပါသည်။

           ရေတာရှည်မြို့နယ်ရှိ စက်သုံးဆီဆိုင်အများစုတွင် ဆီဘောက်ဆာယာဉ်များ ရောက်ရှိပြီးဖြစ်ကြောင်းနှင့် အချို့ဆိုင်များတွင် ဆီဘောက်ဆာယာဉ်မရောက်ရှိသေးသော်လည်း မှာယူထားပြီးဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)