
အိန္ဒိယနိုင်ငံနှင့် ပြည့်စုံသော လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက် (FTA) အတွက် နယူးဇီလန်၏ စေ့စပ်ညှိနှိုင်းမှုဆိုင်ရာ လူထုညှိနှိုင်းဆွေးနွေးပွဲကို တနင်္လာနေ့တွင် စတင်ခဲ့သည်။ အိန္ဒိယနိုင်ငံသည် နယူးဇီလန်အတွက် သိသာထင်ရှားသော ကုန်သွယ်မှု အခွင့်အလမ်းများကို ပြသနေ ကြောင်း နယူးဇီလန် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး Todd McClay က ပြောကြားခဲ့သည်။ လာမည့်ဆယ်စုနှစ်အတွင်း ပို့ကုန်တန်ဖိုးနှစ်ဆတိုးရန် နယူးဇီလန်အစိုးရ၏ ရည်မှန်းချက်အတွက် အိန္ဒိယနှင့် စီးပွားရေးအရ ဆက်ဆံရေး အားကောင်း လာမည်ဟု McClay က ပြောကြားခဲ့သည်။ စီးပွားရေးလုပ်ငန်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် အများသူငှာအဖွဲ့ဝင်များအပါအဝင် စိတ်ဝင် စားသောနယူးဇီလန် နိုင်ငံသား အားလုံးကို ဧပြီလ ၁၅ ရက်နေ့မတိုင်မီ ၎င်းတို့၏အမြင်များကို တင်ပြရန် ဖိတ်ကြားထားကြောင်း McClay မှ ပြောကြားပြီး စေ့စပ်ညှိနှိုင်းမှုများပြုလုပ်နေချိန်တွင် အစော ပိုင်းအဆင့်များတွင် ချဉ်းကပ်မှုကို ပုံဖော်ရာတွင် အထောက်အကူဖြစ်စေမည်ဟု McClay မှ ပြောကြား ခဲ့သည်။
DOCA(ရန်ကုန်)