
အာဖဂန်နစ္စတန်၏ စီးပွားရေး ဝန်ကြီးဌာနသည် ပြီးခဲ့သောနှစ်အတွင်း ပြည်တွင်းနှင့် ပြည်ပ အဖွဲ့အစည်း ၁၃၄ ခုအား လုပ်ငန်းလိုင်စင် ၁၃၄ ခု ပေးအပ်ခဲ့ကြောင်း ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့် ရှိသူ Abdul Rahman Habib က ပြောကြားခဲ့သည်။ "အာဖဂန်နစ္စတန်ရှိ ပြည်တွင်းပြည်ပ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ (NGO) ၁၃၄ ခုအား လည်ပတ်ခွင့်လိုင်စင် ၁၃၄ ခုကို ဖြန့်ဝေခဲ့ပြီး ၎င်းတို့ အနက် ၁၂၉ ခုမှာ ပြည်တွင်းဖြစ်ပြီး ကျန်အားလုံးမှာ လုံခြုံရေး၊ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ နှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအပါအဝင် ကဏ္ဍအသီးသီးတွင် လုပ်ကိုင်နေကြသည်" ဟု Tolonews မှ Habib က စနေနေ့တွင် ပြောကြားခဲ့သည်။ ဝန်ကြီးဌာန၏ အစီရင်ခံစာအရ နိုင်ငံရပ်ခြား အဖွဲ့အစည်း ၂၈၀ အပါအဝင် NGO ပေါင်း ၂,၆၀၈ သည် အာဖဂန်နစ္စတန်တွင် လှုပ်ရှားလျက်ရှိသည်။
နှစ်ပေါင်းများစွာ ပဋိပက္ခများကြားမှ အာဖဂန်နစ္စတန်၏ လူမှုအဖွဲ့အစည်းများသည် ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် သဘာဝပတ်ဝန်းကျင်ကို မြှင့်တင်ရာတွင် အရေးပါခဲ့ပြီး လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို စီမံခန့်ခွဲရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
DOCA(ရန်ကုန်)