Main menu

ပခုက္ကူမြို့တွင် အရောင်းအဝယ်ဖြစ်နေသော ခေါက်ဆွဲခြောက်ဈေးနှုန်းဈေးကွက်

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူဈေးကွက်သို့ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ခေါက်ဆွဲ ခြောက် စက်ရုံများမှ ထုတ်လုပ်သည့်ခေါက်ဆွဲခြောက်များ ဝင်ရောက်အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ မတ်လ(စတုတ္ထပတ်)တွင် ခေါက်ဆွဲခြောက်ထုပ်များ ဈေးငြိမ်၍ အရောင်း အဝယ်ဖြစ် လျက်ရှိကြောင်း၊ ခေါက်ဆွဲတွင် အဝါရောင်နှင့် အဖြူရောင် နှစ်မျိုးရှိကြောင်း၊ ရောင်းချ ရာတွင် ခေါက်ဆွဲသား အကောင်းနှင့် စက်ကျအကျိုးအကြေနှစ်မျိုး ခွဲခြားပြီး ရောင်းချကြောင်း၊ ရွှေဒင်္ဂါးအဝါရောင် ခေါက်ဆွဲခြောက် တစ်စီးလျှင် ကျပ်(၉၀၀)၊ (၂၅)ထုပ်ပါ အစီးတစ်စီးလျှင် ကျပ် (၂၁၀၀၀)၊ ခေါက်ဆွဲကျိုး စက်ကျတစ်ပိဿာလျှင် ကျပ်(၇၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း၊ စွမ်းထက် ခေါက်ဆွဲဖြူတစ်ပိဿာလျှင် ကျပ်(၇၄၀၀)၊ ခေါက်ဆွဲကျိုးစက်ကျ တစ်ပိဿာလျှင် ကျပ်(၆၀၀၀)၊ ခေါက်ဆွဲအလုံးစည်း တစ်စည်းလျှင် ကျပ်(၇၀၀) အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်ဖေဖော်ဝါရီလ(စတုတ္ထပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ရမည် ဆိုလျှင် ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကုန်ကြမ်းဂျုံသီးနှံဈေးနှုန်း ကျဆင်းခြင်း မရှိ၍ ခေါက်ဆွဲခြောက်ဈေးနှုန်းများလည်း ကျဆင်းခြင်းမရှိကြောင်း၊ မြို့ပေါ်ရှိ စားသောက် ဆိုင်များမှ ဝယ်ယူမှုအပြင် အခြားမြို့နယ်များဖြစ်သည့် မြိုင်၊ ရေစကြို၊ ယောနယ်ဒေသများမှလည်း ကုန်ကားများမှတဆင့် မှာယူပြီး ဝယ်ယူကြောင်း၊ ယခုအချိန် ကျောင်းပိတ်ရာသီဖြစ်၍ ခေါက်ဆွဲ ခြောက်ထုပ်များ အရောင်းအဝယ်အေးကြောင်း ဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)