
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မဈေးနှင့် ပန်းခြံဈေးတို့၌ အသီးမျိုးစုံ ရောင်းချသည့်ဆိုင်များတွင် စပျစ်သီးများ လှိုင်လှိုင်ရောင်းချနေရကြောင်း၊ ဈေးကွက်အနေဖြင့် ပခုက္ကူမြို့သည် သီးနှံမျိုးစုံစိုက်ပျိုးရာဒေသဖြစ်သော်လည်း ရေမြေရာသီဥတုနှင့်မကိုက်ညီ၍ စပျစ် သီးနှံများ စိုက်ပျိုးနည်း၍ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် မြို့မှ ဝယ်ယူရောင်းချရကြောင်း သိရသည်။
စပျစ်သီးကို နွေဦးရာသီရောက်ရှိ၍ အပူချိန်မြင့်တက်လာခြင်းကြောင့် စားသုံးသူများမှ သရေစာ အဖြစ် အသီးလိုက်စားခြင်းအပြင် ဖျော်ရည်အဖြစ်လည်း ပြုလုပ်စားသုံးကြကြောင်း၊ ၂၀၂၅ခုနှစ်၊ မတ်လ (စတုတ္ထပတ်)တွင် စပျစ်သီး(၂၅)ကျပ်သားလျှင် အလုံးအကြီးအသေးလိုက်၍ ကျပ်(၃၅၀၀- ၅၀၀၀)၊ တစ်ပိဿာလျှင် ကျပ်(၁၄၀၀၀-၂၀၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကျန်းမာရေးနှင့် ညီညွှတ်သော သီးနှံဖြစ်၍ လူကြီးလူငယ်မရွေးဝယ်ယူစားသုံးကြကြောင်း ပခုက္ကူမြို့ သစ်သီးရောင်းဝယ် ရေး ဈေးကွက်မှ သိရှိရပါသည်။
DOCA(မကွေး)