Main menu

ဖြူးမြို့တွင် စားသုံးဆီအရောင်းဆိုင်များသို့ ဈေးကွက်လေ့လာစောင့်ကြည့်ခြင်း

Powered by Drupal

       ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးနှင့်ဝန်ထမ်းများသည် ဇွန်လ ၁၀ ရက်နေ့ နံနက်ပိုင်းက ဖြူးမြို့ စည်ပင်သာယာဈေးအတွင်း စားသုံးဆီများရောင်းချလျက်ရှိသည့်ကုန်စုံဆိုင်များသို့ သွားရောက်၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့်အညီ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိကိုလည်းကောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ နှင့်အညီ ဟင်းသီးဟင်းရွက်ဆီများတွင် ကုန်အညွှန်းအမှတ်အသားများဖော်ပြရန် ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်မှု ရှိ/မရှိကို ဈေးကွက်စောင့်ကြည့်လေ့လာခဲ့ပါသည်။

       ဖြူးမြို့ စည်ပင်သာယာဈေးအတွင်း ရောင်းချလျက်ရှိသော အမှတ်တံဆိပ်ပါ စားသုံးဆီများတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့်အညီ ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာဖော်ပြထားသည်ကို တွေ့ရှိရပြီး စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ ကို လိုက်နာမှုအားနည်းသေးကြောင်း တွေ့ရှိရပါသဖြင့် ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ သည် ယခုဇွန်လ ၂၀ ရက်နေ့တွင် အာဏာတည်မည်ဖြစ်ပါသဖြင့် လုပ်ငန်းရှင်များအနေဖြင့် အလေးထားလိုက်နာဆောင်ရွက်ကြရန် အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)