Main menu

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းအတွက် မှတ်ပုံတင်ရယူ၍ ဆောင်ရွက်စေရန် အသိပညာပေး

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ခေတ္တခရိုင်ဦးစီးမှူးမှ ဦးဆောင်၍ ခရိုင်ရုံးမှ ဝန်ထမ်း (၂)ဦးနှင့် စစ်ကိုင်းမြို့နယ်တာဝန်ခံတို့သည် ၂၀၂၅ ခုနှစ်၊ မတ်လ (၂၂)ရက်နေ့တွင် စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ စားသောက်ကုန်ထုတ်လုပ်သည့် ရွှေကြိုးကြာခေါက်ဆွဲ‌ခြောက်လုပ်ငန်းသို့ ကွင်းဆင်း ၍ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းအတွက် မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

           ထိုသို့ အသိပညာပေးဆောင်ရွက်ခဲ့မှုတွင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်သည့် အမိန့်ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ်(၅၀/၂၀၂၃)ဖြင့် ထုတ်ပြန်ထားကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ‌ရောင်းချခြင်း လုပ်ငန်း လုပ်ကိုင်သည့် မည်သူမဆို မှတ်ပုံတင်လျှောက်ထားပြီးမှ လုပ်ကိုင်ရမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်ကို အမိန့်ကြောငြာစာအမှတ် (၅၁/၂၀၂၃)ဖြင့် ထုတ်ပြန်ထားကြောင်း၊ ထိုအမိန့်ကြော်ငြာစာများ ထုတ်ပြန်ထားသည်ကို လုပ်ငန်းရှင် များအနေဖြင့် သိရှိလိုက်နာဆောင်ရွက်စေရန် အသိပညာပေးရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ ပြီး မှတ်ပုံတင်လျှောက်ထားရန် ကြိုတင်ပြင်ဆင်သင့်သည့် အထောက်အထားများ၊ မဖြစ်အနေပူးတွဲ တင်ပြရမည့် အထောက်အထားများ၊ လျှောက်ထားရန် အခြေခံလိုအပ်ချက်များနှင့် သတင်းလွှာ ၁၇/၂၀၂၃ဖြင့် အသိပေးကြေညာထားသည့် မှတ်ပုံတင်ကြေးအတွက် ကောင်ခံသွားမည့် သတ်မှတ် နှုန်းထားများအကြောင်း   ‌ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)