Main menu

ထင်း၊ မီးသွေး အစားဈေးနှုန်း သက်သာသော စပါးခွံလောင်စာတောင့် အစာတောင့် ထုတ်လုပ်သော လုပ်ငန်း

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ထင်း/ မီးသွေးအစားထိုး စပါးခွံလောင်စာ တောင့်ထုတ်လုပ်ခြင်းကို ရန်ကုန်-ဟင်္သာတ ကားလမ်းဘေး၊ အမှတ် (၁၇)ရပ်ကွက် မိဘဂုဏ်ရည်ဆန်စက်၌ ၂၀၂၀ ခုနှစ်ကတည်းက လုပ်ငန်းစတင်ပြီး လောင်စာတောင့်ထုတ်လုပ်လျက်ရှိကြောင်းသိရသည်။

အဆိုပါ စပါးခွံလောင်စာတောင့် ၁တန်လျှင် မြို့တွင်းရောင်းဝယ်မှု ၂၀၀၀၀၀ကျပ်နှင့် ရန်ကုန်ဈေးအနေဖြင့် ၂၃၀၀၀၀ကျပ်ကြားရောင်းရကြောင်း၊ ၃၀ပိဿာဝင်တစ်အိတ်လျှင် ၁၀၀၀၀-၁၂၀၀၀ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိသည်။ စက်ရုံမှ လောင်စာတောင့် ၁လကို တန်၁၅၀ ထုတ်လုပ်နိုင်ကြောင်း၊ ကိုယ်တိုင် Gasifier ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ပြီး ဆန်စက်လည်ပတ်ကာ၊ ရန်ကုန်မြို့ ရှိ စက်မှုဇုန်များ၊ သံမဏိစက်ရုံ၊ အရက်ချက်စက်ရုံ၊ စက္ကူစက်ရုံနှင့် အခြားကုန်ထုတ်လုပ်ငန်းများသို့ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်းသိရသည်။

စပါးခွံလောင်စာတောင့်ကို အိမ်သုံးမီးဖိုများတွင် သုံးစွဲမည်ဆိုပါက မီးသွေးထက် သုံးပုံတစ်ပုံသာ ကုန်ကျစရိတ်ရှိ မည်ဖြစ်ကြောင်း စက်ရုံပိုင်ရှင်၏ ရှင်းလင်းပြောပြချက်အရသိရသည်။

DOCA(ဧရာဝတီ)