
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် ကုလားပဲအရောင်းအဝယ် လှုပ်ရှားမှု ကောင်းမွန်လာနေသည်ဟု သိရှိရပါတယ်။ ပဲမျိုးစုံရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူများ၏ ပြောကြားချက်အရ၊ ပြည်တွင်း၌ ပဲစားသုံးမှုအားကောင်းလာတာကြောင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ တတိယပတ်မှစ၍ ပဲအဝယ်အရောင်းလုပ်ငန်းက ကောင်းလာတယ်လို့လည်း သိရှိရပါတယ်။ လက်ရှိ အရောင်းအဝယ်လုပ်နေသော ကုလားပဲများသည် လက်ကျန်ပဲအဟောင်းများဖြစ်သော်လည်း ဈေးကွက် ထဲမှာ လိုအပ်ချက်ရှိနေတာကြောင့် ကုလားပဲဟာ စျေးကောင်းရနေပါတယ်။ ယခုလို အခြေအနေ များကြောင့် ပဲလုပ်ငန်းနှင့် ဆက်စပ်သူတွေဟာ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမို ရရှိရလာကြပါ တယ်။ ကျုံပျော်ဒေသထွက်ပဲများကို ဒေသဈေးကွက်အပြင် ရန်ကုန်ဈေးကွက်ကလည်း ဝယ်ယူမှု အား ကောင်းနေပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။
DOCA(ဧရာဝတီ)