
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်မှ ထွက်ရှိသော ကွမ်းသီးခြောက်များကို ရန်ကုန် ဈေးကွက်သို့ တင်ပို့ရောင်းချမှုများ တိုးတက်လာခဲ့ပါတယ်။ အထူးသဖြင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ အတွင်းတွင် ကွမ်းသီးခြောက်ပိဿာချိန် ၇၅၀၀၀ ထိ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ယခင် ဇန်နဝါရီလအတွင်း၌ တင်ပို့ရောင်းချမှုမှာ ပိဿာ ၆၅၀၀၀ သာရှိခဲ့သဖြင့် တင်ပို့ပမာဏမှာ တစ်လ အတွင်းအနေဖြင့် သိသာစွာ တိုးတက်လာသည်ကိုလည်းတွေ့နိုင်ပါတယ်။ ဈေးကွက်သို့ တင်ပို့ ထား သော ကွမ်းသီးခြောက်များသည် အရည်အသွေးကောင်းမွန်မှုကြောင့် ဝယ်လိုအားများနေပြီး၊ ရန်ကုန် ဈေးကွက်တွင်လည်း နေ့စဉ်အမှာစာများ ဆက်တိုက်ရရှိနေပါတယ်။ ထို့ကြောင့် ပန်းတနော် မြို့နယ်မှ ထုတ်လုပ်သော ကွမ်းသီးခြောက်များကို ရန်ကုန်အပြင် အခြားဒေသဈေးကွက်များသို့လည်း တင်ပို့ ရောင်းချနိုင်ရေးကိုလည်း ဆက်လက်လုပ်ဆောင်နေကြကြောင်းကိုလည်း သိရှိရပါတယ်။ ဈေးနှုန်း အနေဖြင့် ကွမ်းသီးခြောက်တစ်ပိဿာလျှင် ငွေကျပ် ၂၂၀၀၀ အထိရောင်းချနိုင်ပြီး၊ ဈေးကွက်အရောင်း အဝယ်ကောင်းမွန်လာမှုသည် ဒေသတွင်းစိုက်ပျိုးရေးလုပ်ငန်းရှင်များ၊ ကုန်သည်များနှင့် ပွဲရုံလုပ် ငန်းရှင်များ ၏ အလုပ်အကိုင်အခွင့်အလမ်းများကို တိုးတက်စေသည့်အပြင် ကွမ်းသီးညှပ်လုပ်သား များ နှင့် ကုန်တင်ကုန်ချလုပ်သားများအတွက်လည်း အသက်မွေးဝမ်းကြောင်း ပိုမိုတည်ငြိမ်လာစေ ကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။
DOCA(ဧရာဝတီ)