Main menu

စစ်ကိုင်းတိုင်းဒေသကြီး၏ မြေပဲသီးနှံ ဈေးကွက်ဈေးနှုန်း အခြေအနေ

Powered by Drupal

            မြေပဲသီးနှံကို စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလ များတွင် စိုက်ပျိုးကြပြီး ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီလ များတွင်ထွက်ရှိသည့်အတွက် ယခုအချိန်သည် မြေပဲသီးနှံထွက်ရှိသည့် ကာလဖြစ်ပါသည်။ စိုက်ပျိုးရာသီအနေဖြင့် မိုးနှင့် ဆောင်းရာသီများတွင် စိုက်ပျိုးကြလေ့ရှိသော်လည်း စစ်ကိုင်းတိုင်းဒေသကြီးတွင် ဆောင်းမြေပဲကိုသာ အစိုက်များကြောင်း သိရှိရပါသည်။

            စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြေပဲသီးနှံကို မုံရွာ၊ စစ်ကိုင်း၊ ကလေး၊ ကနီ၊ မင်းကင်း စသည့်မြို့နယ်အသီးသီးတို့တွင် စိုက်ပျိုးကြောင်းသိရှိရပြီး ရန်ကုန်ကုန်စည်ဒိုင်မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့နိုင်သည့် နိုင်ငံခြားဝင်ငွေရသည့် သီးနှံတစ်မျိုးလည်းဖြစ်ပါသည်။

             စစ်ကိုင်းတိုင်းဒေသကြီးတွင် မြေပဲစိုက်ဧက (၉၄၄၄၅၄) ဧက ရှိပြီး အထွက်နှုန်းအနေဖြင့် တစ်နှစ်လျှင် (၄၇၂၂၂၇၀၀) တင်းထွက်ရှိကြောင်းသိရှိရသည်။ ယခုနှစ် မြေပဲလုံးဆံနီ ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ်(၈၃၀၀)၊ မြေပဲလုံဆံဖြူဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ်(၈၆၀၀) ဖြစ်ပြီး မြေပဲလုံးဆံနီ တစ်တင်းဈေးနှုန်းမှာ ကျပ်(၁၃၂,၈၀၀)၊ မြေပဲလုံးဆံဖြူတစ်တင်းဈေးနှုန်းမှာ ကျပ် (၁၃၇,၆၀၀)ဖြစ်ရာ ယခင်နှစ် ကာလတူ ဈေးနှုန်းနှင့် နှိုင်းယှဉ်လျှင် မြေပဲလုံးဆံနီ တစ်ပိဿာ ဈေးနှုန်းမှာ ကျပ် (၇၀၀၀)၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ ဈေးနှုန်းမှာ ကျပ်  (၆၄၀၀) ကျပ်ဖြစ်ရာ ယခုနှစ်တွင် မြေပဲလုံးဆံနီ တစ်ပိဿာလျှင် ကျပ်(၁၃၀၀)၊ မြေပဲလုံးဆံဖြူတစ်ပိဿာလျှင် ကျပ် (၂၂၀၀)ခန့် ဈေးနှုန်းမြင့်တင်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)