
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့်ဆီထွက်သီးနှံ များအပြင် ကြက်ဆူစေ့သီးနှံများလည်း စိုက်ပျိုးကြောင်း၊ ကြက်ဆူစေ့ကို ယာကွက်လွတ်များ၌လည်း ကောင်း၊ ယာခင်းဘေးပတ်လည်၌လည်းကောင်း၊ ကြဲပက်စနစ်နှင့် တန်းစိုက်စနစ်တို့ဖြင့် စိုက်ပျိုး ကြကြောင်း၊ ကြက်ဆူစေ့သီးနှံများသည် ကန့်ဘလူမြို့နယ် ကံကြီးကုန်းကျေးရွာ၊ တောက္ကရှပ်ကျေး ရွာနှင့် အခြားသောကျေးရွာများမှ ဝင်ရောက်လျက်ရှိပြီး ကြက်ဆူစေ့သည် စိုက်ပျိုးရလွယ်ကူပြီး ဈေးကောင်းရသဖြင့် စိုက်ပျိုးသူများအနေဖြင့် အပိုဝင်ငွေရရှိကာ မိသားစုအဆင်ပြေလျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ မတ်လ စတုတ္ထပတ်အတွင်း ဈေးနှုန်းမှာ ကြက်ဆူစေ့တစ်တင်းလျှင် (၃၁၀၀၀) ကျပ်၊ ကြက်ဆူစေ့ညံ့လျှင်(၃၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက် အနေဖြင့် ကန့်ဘလူမြို့နယ်မှထွက်ရှိသော ကြက်ဆူစေ့များကို ရွှေဘိုမြို့နှင့်မန္တလေးမြို့ရှိ ပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့လျက်ရှိကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)