Main menu

ပြည်မြို့ရဲ့  ရွှေဖရုံသီးဈေးကွက်

Powered by Drupal

            ပြည်မြို့တွင်ရောင်းချနေသော ရွှေဖရုံသီးများကို ပုတီးကုန်း၊ သဲကုန်းနှင့် ဝက်ပုတ်ဒေသများတွင် အများဆုံးစိုက်ပျိုးကြောင်း သိရပါသည်။ အများဆုံး စိုက်ပျိုးသောဒေသများမှာ သဲကုန်းမြို့ တွင် အများအပြားစိုက်ပျိုးတာဖြစ်ပြီး ထွက်ရှိလာတဲ့ ရွှေဖရုံသီးများကို သီရိမင်္ဂလာဈေးသို့ တင်ပို့ ရောင်းချလျှက်ရှိကြောင်း သိရပါသည် ။ ရွှေဖရုံသီးများကို ရန်ကုန်ဈေးကွက်သို့ တစ်အိတ်လျှင် (၁၅)လုံးမှ (၂၅)လုံးဝင် ရွှေဖရုံသီးအိတ်များဖြင့် တင်ပို့လျှက်ရှိပါသည်။ ရွှေဖရုံသီးတွင် ထိုင်ဝမ်မျိုးနှင့် ဒေသမျိုးဟူ၍ (၂)မျိုးရှိပြီး ထိုင်ဝမ်လက်ရိုက်သီး အနုသီးတစ်လုံးလျှင် (၆၀၀-၇၀၀) ကျပ် ၊ အလုံးကြီး တစ်လုံးလျှင် (၁၂၀၀-၁၅၀၀) ကျပ်ရှိပြီး ဒေသမျိုး အနုသီး တစ်လုံးလျှင် (၅၀၀-၁၀၀၀)ကျပ်ရှိ၍ အရင့်အလုံးကြီး တစ်လုံးလျှင် (၂၃၀၀-၂၅၀၀)ကျပ် ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)