
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မင်းဘူးဈေးကွက်အတွင်းရှိ အိမ်ဆောက်ပစ္စည်းဘိလပ်မြေများ ပစ္စည်းပြတ်လပ်မှုရှိ/မရှိနှင့် ဈေးနှုန်း နှင့်လက်ကျန်အခြေအနေများအား အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များသို့ အပတ်စဉ်ကွင်းဆင်း လေ့လာ စုံစမ်းတင်ပြပေးလျက်ရှိပါသည်။
၂၀၂၅ခုနှစ်၊ မတ်လ(စတုတ္ထပတ်)တွင် ဘိလပ်မြေဈေးနှုန်းများမှာ အပါချီအမှတ်တံဆိပ် တစ်အိတ်လျှင် ကျပ်(၁၆၃၀၀)၊ ကြံ့နှစ်ကောင်အမှတ်တံဆိပ်တစ်အိတ်လျှင် ကျပ်(၁၆၅၀၀)၊ အယ်လ်ဖာအမှတ်တံဆိပ်တစ်အိတ်လျှင် ကျပ်(၁၆၃၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး (တတိယပတ်)တွင် အပါချီအမှတ်တံဆိပ်တစ်အိတ်လျှင် ကျပ်(၁၇၈၀၀)၊ ကြံ့နှစ်ကောင် အမှတ် တံဆိပ်တစ်အိတ်လျှင် ကျပ်(၁၇၈၀၀)၊ အယ်လ်ဖာအမှတ်တံဆိပ် တစ်အိတ်လျှင် ကျပ်(၁၇၈၀၀) ဖြစ်၍ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကြံ့နှစ်ကောင်တစ်အိတ်လျှင် ကျပ်(၁၃၀၀)၊ အပါချီနှင့် အယ်လ်ဖာတစ်အိတ်လျှင် ကျပ်(၁၅၀၀) ဈေးနှုန်းကျဆင်းသွားကြောင်း၊ ဈေးကွက် အတွင်း ဘိလပ်မြေလက်ကျန်ရှိနေသေးကြောင်းနှင့် ဘိလပ်မြေကားများလည်း အဆက်မပြတ် ဝင်ရောက်လျက်ရှိပြီး ပစ္စည်းပြတ်လပ်မှုမရှိကြောင်း အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များမှ လေ့လာ သိရှိရပါသည်။
DOCA(မကွေး)