Main menu

တောင်ငူမြို့ အထက(၄)တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြော

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံ ဦးမင်းဇော်နှင့် တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူတို့သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ငူမြို့နယ်ဦးစီးမှူး ဒေါ်ခင်သူဇာဝင်းနှင့်အတူ ဇွန်လ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက တောင်ငူမြို့၊  အမှတ် ၄ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသားကျောင်းသူများအား မိမိတို့ဌာနအလိုက် သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

          ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ငူမြို့နယ်ဦးစီးမှူး ဒေါ်ခင်သူဇာဝင်းက စာဖတ်ခြင်း၏အကျိုးကျေးဇူး၊ မူးယစ်ဆေးဝါးများ၏ဆိုးကျိုးနှင့် ရှောင်ကြဉ်ရမည့်အကြောင်းများကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးမြင့်သူက စားသုံးသူအခွင့်အရေးများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ခြင်းများနှင့် ဌာနက ညှိနှိုင်းဖြေရှင်းဆောင်ရွက်နေမှုများကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲတာဝန်ခံ ဦးမင်းဇော်က ကုန်စည်များဝယ်ယူရာတွင် ဖတ်ရှုသင့်သည့်ကုန်အညွှန်း အမှတ်အသားများကိုလည်းကောင်း ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

          ဟောပြောပွဲသို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူ (၁၂၀) ဦးတက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)