Main menu

ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်နေသည့် ကြက်သွန်နီဈေးနှုန်း

Powered by Drupal

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် စားဖိုဆောင်သီးနှံများဖြစ်သည့် ကြက်သွန်နီ၊ မုံလာဥဖြူ၊ မုံလာထုပ်တို့လည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကာဘိုးကျေးရွာနှင့် အခြားကျေးရွာများတွင် မိသားစုစားသုံးရန်နှင့် ပိုလျှံသည်များကို ရောင်းချရန်အတွက် ကြက်သွန်နီများစိုက်ပျိုးကြကြောင်း၊ ယခုအခါ ကြက်သွန်နီများထွက်ရှိ၍ ကန့်ဘလူမြို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

            ၂၀၂၅ ခုနှစ်၊ မတ်လ စတုတ္ထပတ်အတွင်း ကြက်သွန်နီအလုံးကြီး တစ်ပိဿာလျှင် ၂၂၀၀ ကျပ်၊ အလုံးသေးတစ်ပိဿာလျှင် ၂၀၀၀ကျပ်ဖြင့်ရောင်းချကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့်နှိုင်း ယှဉ်ပါက ယခုပတ်အတွင်း ကြက်သွန်နီ(၁)ပိဿာလျှင် (၃၀၀)ကျပ်ကျဆင်းသွားကြောင်း ကြက်သွန် နီရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)