Main menu

ဖြူးမြို့နယ် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများဟောပြော

Powered by Drupal

     နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဖြူးမြို့နယ် အမျိုးသမီးအိမ်တွင်းမှုလုပ်ငန်းပညာသင်တန်းကျောင်းတွင်ဖွင့်လှစ်သော အဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဉ် (၄)သို့ တက်ရောက်လျက်ရှိသော သင်တန်းသူများအား ဖြူးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ ပူးပေါင်း၍ သိသင့်သိထိုက်သည့်အချက်များကို သိရှိနိုင်စေရေးအတွက် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ဇွန်လ ၁၅ ရက်နေ့ မွန်းလွဲပိုင်းက အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးက စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများကို ဟောပြောခဲ့ပါသည်။

       ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဖြူးမြို့နယ်ဦးစီးမှူး  ဒေါ်အိမာဟိန်းက ရှောင်လေဝေးဝေးမူးယစ်ဆေးခေါင်းစဉ်ဖြင့် မူးယစ်ဆေးဝါး၏ဆိုးကျိုးများနှင့် ရှောင်ကျဉ်ရမည့်အကြောင်းကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးက စားသုံးသူအခွင့်အရေးဆိုင်ရာများ၊ ဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးဆိုင်ရာဆောင်ရွက်ချက်များ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများကို ဦးစားပေးဖတ်ရှုသင့်သည့် အကြောင်းများကိုလည်းကောင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝင်းဝင်းအေးက တိုင်းရင်းဆေးအကြောင်းနှင့် အမျိုးသမီးငယ်များကျန်းမာရေးအတွက် မီးယပ်ရောဂါကို တိုင်းရင်းဆေးပညာဖြင့် ကာကွယ်ကုသသင့်သည့်အကြောင်းတို့ကိုလည်းကောင်း ဟောပြောခဲ့ကြပါသည်။

        အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ်ကြီးနှင့်နည်းပြများ၊ သင်တန်းသူများ စုစုပေါင်း ၆၀ ဦး တက်ရောက်ကြောင်းနှင့် အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက မူးယစ်ဆေးဝါးဆိုးကျိုးများအကြောင်း အသိပညာပေးနံရံကပ်ပြဘုတ်များအား ပြသပေးရာ သင်တန်းသူများကလေ့လာမှတ်သား ကြည့်ရှု့ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)