
ကန့်ဘလူမြို့နယ်တွင် တစ်နိုင်တစ်ပိုင် ကောက်ရိုးမှိုစိုက်ပျိုးသူ ဦးဝင်းဦး၏ပြောပြချက်အရ ကောက်ရိုးမှိုစိုက်ပျိုးချိန်သည် အလွန်အရေးကြီးကြောင်း၊ ကောက်ရိုးမှိုစိုက်ပျိုးရာတွင် လိုအပ်သော အခြေခံကုန်ကြမ်းများဖြစ်သည့် သန့်ရှင်းခြောက်သွေ့သော ကောက်ရိုး(သို့မဟုတ်) ရိုးပြတ်များ၊ ဂျပ်စက္ကူများ၊ နွားချေးမြေဆွေး စသည်တို့နှင့် စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးစရိတ်အနေဖြင့် အလျား (၉)ပေနှင့် အနံ(၃)ပေကို(၄၅၀၀၀)ကျပ်ခန့် ကုန်ကျစရိတ်ရှိကြောင်း သိရသည်။
ကောက်ရိုးမှိုများကို စိုက်ပျိုးပြီး(၁၅)ရက်ခန့်တွင် စတင်ခူးဆွတ်ရကြောင်း၊ ကောက်ရိုးမှိုတစ် ဘောင်လျှင်(၁၀-၁၃)ပိဿာထိ ခူးဆွတ်ရကြောင်း၊ ဈေးကွက်အတွင်း ကောက်ရိုးမှိုတစ်ပိဿာလျှင် လက်လီဈေး(၁၁၅၀၀)ကျပ် လက်ကားဈေး(၁၁၀၀၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင်(၁၂၀၀)ကျပ် ရောင်းချရသောကြောင့် စိုက်ပျိုးသူများအနေဖြင့် ထိုက်သင့်သည့်အကျိုးအမြတ်များရရှိကာ မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)