Main menu

ကန့်ဘလူမြို့နယ်၌ ဆလပ်ရွက်စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

Powered by Drupal

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် ရာသီချိန်အလိုက် စားဖို ဆောင်သီးနှံများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချလျှက်ရှိကြောင်း၊ ယခုအခါ ဆလပ်ရွက်ကို မြို့ပေါ်ရပ်ကွက်များတွင်သာမက ကန့်ဘလူမြို့နယ်အတွင်းရှိ နတ်ပေးကျေးရွာ၊ တောက္ကရှပ်ကျေး ရွာများတွင် မိမိတို့နေအိမ်ခြံဝင်းများ၊ မိမိတို့ယာကွက်များတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း၊ ဆလပ်ရွက်သည် စိုက်ပျိုးစရိတ်ကုန်ကျမှု သက်သာသည့်အတွက်  ထိုက်သင့်သည့် အကျိုးအမြတ် ရရှိကြောင်း သိရသည်။

             ဆလပ်ရွက်သည် အစားအသောက်အမျိုးမျိုးနှင့်တွဲဖက် စားသုံးကြသည့်အတွက် စားသောက်ဆိုင်များ၊ အကင်ဆိုင်များ၊ အသုတ်ဆိုင်များ စသည့်ဆိုင်များမှ ဝယ်ယူအသုံးပြုသည့်အတွက် အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ မတ်လစတုတ္ထပတ်အတွင်း ဆလပ်ရွက်အပင်ကြီး(၁)ပင် လျှင် (၅၀၀)ကျပ်၊ အပင်လတ်(၁)ပင်လျှင် (၄၀၀)ကျပ်နှင့် အပင်သေး(၁)ပင်လျှင် (၃၀၀)ကျပ်ဖြင့် ရောင်းချရသည့်အတွက် မိသားစုအပိုဝင်ငွေရရှိနေကြောင်း ရာသီပေါ်သီးနှံများ စိုက်ပျိုးရောင်းချသူ များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)