Main menu

ကန့်ဘလူမြို့နယ်၌ ဖြစ်ပေါ်လျက်ရှိသော မုန်လာဥဖြူဈေးနှုန်း

Powered by Drupal

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သည့် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးလျက်ရှိပြီး ရာသီပေါ်သီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြကြောင်း သိရသည်။

            ယခုအခါ ကန့်ဘလူမြို့နယ်အတွင်းရှိ နတ်ပေးကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် မြို့ပေါ်ရပ် ကွက်များတွင် မုန်လာဥဖြူများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပြီး ထွက်ရှိသည့်မုန်လာဥဖြူများကို ကန့်ဘလူမြို့မဈေးတွင်ရောင်းချကြောင်း၊ မတ်လစတုတ္ထပတ်အတွင်း မုန်လာဥဖြူအကြီး (၃)ဥပါ တစ်တွဲလျှင် ၅၀၀ကျပ်၊ မုန်လာဥဖြူအသေး(၄)ဥပါတစ်တွဲလျှင် ၅၀၀ကျပ်ဖြင့် ရောင်းချကြောင်း၊ မုန်လာဥဖြူများ အဝင်နည်းလာသည့်အတွက် အရောင်းသွက်လျက်ရှိကြောင်း မြို့မဈေးရှိ ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)