
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေးလုပ် ငန်းများအပြင် အခြားသတင်းအချက်အလက်များကိုလည်း သိရှိလေ့လာနိုင်စေရန် ရည်ရွယ်၍ ဒေသတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၏ စိုက်ပျိုးထုတ်လုပ်မှု၊ အကျိုးအမြတ်ရရှိမှုတို့ကို ကွင်းဆင်းလေ့လာပြီး ရေးသားတင်ပြလျက်ရှိကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်တွင် စိုက်ပျိုးရလွယ်ကူပြီး မြေနေရာအများကြီးမလိုသော ရုံးပတီသီးကို စိုက်ပျိုးကြကြောင်း၊ ယခုအခါ စားသောက်ဆိုင်များ၊ အကင်ဆိုင်များတွင် ရုံးပတီသီးသည် လူအများ ကြိုက်နှစ်သက်သည့် အစားအစာဖြစ်ပြီး ကန့်ဘလူမြို့မဈေးတွင် ရုံးပတီသီး(၅၀)ကျပ်သားလျှင် (၁၀၀၀)ကျပ်၊ (၁)ပိဿာလျှင်(၂၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ရုံးပတီသီးကို မိမိတို့နေအိမ်ခြံဝန်း၌ လည်းကောင်း၊ ယာကွက်များ၌လည်းကောင်း စိုက်ပျိုးထွက်ရှိသည့်အတွက် ဟင်းတစ်ခွက်အပြင် အသီးကို ခူးဆွတ်ရောင်းချခြင်းဖြင့် မိသားစုဝင်ငွေရရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)