Main menu

မအူပင်မြို့ စိုက်ပျိုးရေးသုံး ဓါတ်မြေဩဇာများ ပြတ်လပ်မှု မရှိ ဈေးနှုန်းတည်ငြိမ်လျက်ရှိ

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် စိုက်ပျိုးရေးသုံး အရောင်းဆိုင် များမှ စိုက်ပျိုးရေးတောင်သူများ စိုက်ပျိုးသီးနှံလယ်ယာမြေသုံး မြေဩဇာများရောင်းချ ပေးလျက်ရှိသော ဆိုင်များသို့ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စျေးနှုန်းနှင့်လက်ကျန်အခြေအနေများအား  အပတ်စဉ် ကွင်းဆင်းလေ့လာစုံစမ်းတင်ပြပေးလျက်ရှိပါသည်။

          မအူပင်မြို့ရှိ ရောင်းချနေသော ယူရီးယား (အာမို) ၁အိတ် ၉၄၀၀၀ကျပ်၊ ယူရီယား (ဩဘာ) ၁အိတ် ၉၈၀၀၀ကျပ်၊ ယူရီးယား (ရွှေနဂါး) ၁အိတ် ၉၉၀၀၀ကျပ်၊ တီစူပါ(သံကွင်း) တရုတ် ၁အိတ် ၁၃၅၀၀၀၊ ပုလဲ (ရွှေတောင်) တရုတ် ၁အိတ် ၁၀၆၀၀၀ကျပ်၊ ဩဘာ ရွှေကောမတ် ၁အိတ် ၁၄၇၀၀၀ကျပ်၊ အာမို ပိုတက် ၁အိတ် ၁၃၂၀၀၀ကျပ်၊ ဂျာမဏီ ပိုတက် ၁အိတ် ၁၂၅၀၀၀ကျပ်၊ ကွန်ပေါင်း (ကောမတ်) (၁၅,၁၅,၁၅) (ဩဘာ) ၁အိတ်၊ ၁၂၇၀၀၀ကျပ်၊ ကွန်ပေါင်း (၁၈,၁၈,၁၈) ၁အိတ် ၁၅၉၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ဈေးဖြင့် နှိုင်းယှဉ်လျှင် ၁၀၀၀/- ဈေးနှုန်းအနည်းငယ်မြင့် ဈေးအနည်းငယ်ကျဆင်းကြောင်း သိရသည်။   အခြားသောစိုက်ပျိုးရေးသုံးမျိုးစပါး  မျိုးကောင်းမျိုးသန့်များအား ဈေးနှုန်းမှန်ကန်စွာဖြင့် ပုံမှန်ရောင်းချပေး လျက်ရှိကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)