Main menu

ကြံခင်းမြို့နယ် ဆောင်းမြေပဲရိတ်သိမ်းထွက်ရှိမှု အခြေအနေ

Powered by Drupal

           ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆောင်းမြေပဲ စိုက်ဧက (၁၄၈၈၇) ဧကစိုက်ပျိုးပြီး၊(၂၀-၃-၂၀၂၅) ရက်နေ့အထိ (၁၂၀၀၀)ဧက ရိတ်သိမ်းပြီးကြောင်း သိရှိရပါသည်။ အထွက်နှုန်းအနေဖြင့်  ၁ ဧကပျမ်းမျှ ၅၈ တင်းထွက်ရှိပြီး မြေပဲလုံးဆံဈေးနှုန်း မှာလည်း ၁ ပြည်လျှင် (၈၀၀၀ကျပ်မှ ၈၃၀၀ကျပ်)ဈေးဖြင့် မြေပဲအမျိုးအစား ပေါ်မူတည်၍ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ထွက်ရှိသောမြေပဲများကို ဒေသခံ ဆီကြိတ်ဆုံများကဝယ်ယူ၍ ဆီကြိတ်ခြင်းနှင့် ဒေသတွင်းကုန်သည်များကဝယ်ယူ၍ ပြည်၊ ဥသျှစ်ပင်နှင့် ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)