Main menu

တနင်္သာရီတိုင်းဒေသကြီး ရော်ဘာဈေး အနည်းငယ်မြင့်တက်လျက်ရှိ

Powered by Drupal

              တနင်္သာရီတိုင်းဒေသကြီးသည် ရော်ဘာ၊  ကွမ်းသီးများကို အဓိကထား စိုက်ပျိုးလျက်ရှိသည့် တိုင်းဒေသကြီးဖြစ်ပါသည်။ မှိုင်းခံရော်ဘာကို  အဆင့်သတ်မှတ်ချက် ( ၅ ) မျိုးဖြင့် သတ်မှတ်ထားရှိပြီး ယခုလက်ရှိတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း RSS-3 နှင့် RSS-5 ( ၂ )မျိုးသာ အဓိက အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။ ရော်ဘာဈေးနှုန်းမှာ ယခင်အပတ်ထက် ယခုနှစ်အပတ်တွင် ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိပြီး ယခုအပတ် (၂. ၆. ၂၀၂၂) မှ (၁၇. ၆ .၂၀၂၂)အထိ ရော်ဘာစျေးနှုန်းမှာ RSS-3 တစ်ပေါင်လျှင် ကျပ် ၁၃၅၀ နှုန်း၊ RSS-5 တစ်ပေါင်လျှင် ကျပ် ၁၂၅ဝ နှုန်း ပေါက်ဈေးရှိပြီး RSS-3 သည် RSS-5 ထက်အပြစ်အနာဆာကင်းသောကြောင့် ဈေးကောင်းပိုရလျက်ရှိကြောင်း သိရှိရပါသည်။

              ရော်ဘာကို ရန်ကုန်သို့ တင်ပို့လျက်ရှိပြီး ကော့သောင်းနှင့် ထိုင်းနိုင်ငံ၊ ရနောင်းမြို့သို့ တင်ပို့ရာတွင် တစ်ပေါင်လျှင် (၁၄၅ဝိ/-)ကျပ်ဖြင့် ဈေးပေါက်၍ အများဆုံးတင်ပို့လျက်ရှိကြောင်း သိရှိရပြီး ထိုသို့စျေးနှုန်းမြင့်တက်ရခြင်းမှာ ထိုင်းဘတ်ငွေစျေးနှုန်းမြင့်တက်ရခြင်းဖြစ်ပြီး သယ်ယူပို့ဆောင်ခ (ကားခ) တစ်ပိဿာလျှင် (၇ဝိ/-)  (၈ဝိ/-) နှုန်းရှိကြောင်း စုံစမ်းသိရှိရသည်။

DOCA(တနင်္သာရီ)