Main menu

အစေ့ထုတ်ပြောင်း

Powered by Drupal

အစေ့ထုတ်ပြောင်းများကို ရှမ်းပြည်နယ်တောင်ပိုင်းတွင် အများအပြား စိုက်ပျိုးလျက် ရှိပါသည်။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ၂၀၂၄-၂၀၂၅ စိုက်ဧကမှာ(၁၀၀၉၉၇၀) စိုက်ဧကရှိပါသည်။ ရေရရှိသော နေ ရာများတွင်စိုက်ပျိုးသော အစေ့ထုတ်ပြောင်းများသည် စက်တင်ဘာလတွင် စတင်ထွက်ရှိပြီး မိုးရေကို အားထား၍ စိုက်ပျိုးသော အစေ့ထုတ်ပြောင်းများကို နိုဝင်ဘာလတွင် စတင် ထွက်ပေါ် လေ့ရှိပါသည်။ ယခုနှစ်တွင် အစေ့ထုတ်ပြောင်း စတင်ထွက်ပေါ်ချိန်တွင် တစ်ပိသာလျှင် (၁၂၀၀) ကျပ် ခန့် ဒေသ ပေါက်ဈေးရှိခဲ့ပါသည်။ လက်ရှိအချိန်တွင် အစေ့ထုတ်ပြောင်း တစ်ပိသာအနေဖြင့် (၁၄၅၀) မှ (၁၅၀၀) ကျပ်ခန့် ပေါက်ဈေးရှိပါသည်။ အစေ့ထုတ်ပြောင်းကို ဒေသအတွင်းတွင် မွေးမြူရေးအစား အစာ အဖြစ် ဝယ်ယူကြပြီး အခြားတိုင်းဒေသကြီး ပြည်နယ်များသို့လည်း တင်ပို့ရောင်းချလျှက် ရှိပါ သည်။ လက်ရှိအချိန်တွင် အစေ့ထုတ်ပြောင်းများအား (၁၀) ဘီး၊ (၁၂) ဘီး၊ (၂၂) ဘီး ကားများဖြင့် တစ်ရက်လျှင် ပျှမ်းမျှ (၁၃၀)စီး မှ (၁၅၀) စီးအထိ စီးထွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)