
စားသုံးသူပြည်သူများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ ကုန်စည်များ တွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖေါ်ပြထားမှုအခြေအနေ တို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ်လ (၁) ရက်နေ့မှ (၁၅) ရက်နေ့ အတွင်းတွင် ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ကိုးသောင်းဈေးအတွင်းရှိ ဟင်းလျာများတွင် အရောင်၊ အနံ့၊ အရသာ အတွက် အသုံးပြုသော ပစ္စည်းအမျိုးမျိုးရောင်းချသည့် ဆိုင်များသို့လည်းကောင်း၊ ရွှေတောင်မြို့ နယ်တွင် တည်ကုန်း(တောင်ပိုင်း)ရပ်ကွက်ရှိ ဘူးသွပ်စားသုံးဆီအရောင်းဆိုင်များနှင့် ယွန်းတန်း ရပ်ကွက်ရှိ ဟင်းလျာများတွင် အရောင်၊ အနံ့၊ အရသာအတွက် အသုံးပြုသော ပစ္စည်း အမျိုးမျိုး ရောင်းချသည့်ဆိုင်များသို့လည်းကောင်း၊ ပန်းတောင်းမြို့နယ်တွင် ဥသျှစ်ပင်ဈေးအတွင်းရှိ ဟင်းလျာ များတွင် အရောင်၊ အနံ့၊ အရသာအတွက် အသုံးပြုသော ပစ္စည်း အမျိုးမျိုး ရောင်းချသည့်ဆိုင်များ သို့လည်းကောင်း၊ ပေါက်ခေါင်းမြို့နယ်၊ မြို့ပေါ်ရပ်ကွက်များရှိ ဟင်းလျာများတွင် အရောင်၊ အနံ့၊ အရသာအတွက် အသုံးပြုသော ပစ္စည်းအမျိုးမျိုး ရောင်းချသည့်ဆိုင်များသို့လည်းကောင်း၊ သက်ဆိုင် ရာ မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်၍ ဈေးကွက်ရောက်ပြီး ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပါ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသော ကုန်စည် များကို တင်သွင်း ရောင်းချခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံမှု ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေး ခဲ့ပါကြောင်းနှင့် စောင့်ကြည့် စစ်ဆေးခဲ့သည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖေါ်ပြချက်များနှင့် ကိုက်ညီမှုရှိပါကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)