
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ အေးမြသီတာဈေးနှင့် သစ်သီးမျိုးစုံ ရောင်းချသည့် ဆိုင်များတွင် ရာသီစာဖရဲသီးများကိုလှိုင်လှိုင်ရောင်းချလျက်ရှိရာ ဖရဲသီးများကို ဒေသတွင်းရှိ မြစ်နှင့်နီးသည့် မြစ်ကမ်းဘေးကျေးရွာများ၌ စိုက်ပျိုးထွက်ရှိသလို မန္တလေးမြို့ပေါ်ရှိ သစ်သီးပွဲရုံ များမှ လည်းမှာယူ၍ တစ်ဆင့်ပြန်လည်ရောင်းချလျက်ရှိပါသည်။ ဖရဲသီးသည်နွေရာသီနှင့်လိုက် ဖက်သော အသီးတစ်မျိုးဖြစ်ပြီးအရည်ရွှမ်း၍ချိုသောကြောင့် လူကြီးလူငယ်မရွေးကြိုက်နှစ်သက်ပြီး သရေစာအဖြစ်လည်းစားလေ့ရှိကြသည်။ အသီးဖျော်ရည်ဆိုင်များတွင်လည်း ဖရဲသီးဖျော်ရည် ပြုလုပ်၍လည်းကောင်း၊ အသီးများကိုအလုံးလိုက်သော်လည်းကောင်း၊ စိပ်၍လည်းရောင်းချလျက် ရှိရာ ဝယ်ယူစားသုံးသူများပြားလျက်ရှိကြောင်းသိရသည်။ ၂၀၂၅ခုနှစ် မတ်လတတိယအပတ်တွင် ရောင်းချလျက်ရှိသော ဖရဲသီးဈေးနှုန်းများမှာ ဖရဲသီးအသေးတစ်လုံးလျှင်(၁၅၀၀)ကျပ်၊ အလတ် တစ်လုံးလျှင်(၃၀၀၀)ကျပ်နှင့် အကြီးတစ်လုံးလျှင်(၅၀၀၀)ကျပ်အထိရောင်းချလျက်ရှိကြောင်း သစ်သီးဆိုင်များမှသိရှိရသည်။
DOCA(မန္တလေး)