
မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်အတွင်းရှိ အမှတ်(၆)ရပ်ကွက်တွင် ဂွတ်ဂွတ် ပဲခွေကြော်လုပ်ငန်း သို့ ၂၄-၂-၂၀၂၅ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် တွေ့ဆုံပြီး ထုတ်လုပ်မှုအခြေအနေများအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြင်းခြံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် စစ်ဆေးရေးအရာရှိများသည် ပဲခွေကြော်ထုတ်လုပ်နေမှုအခြေအနေများအား ကွင်းဆင်းမေးမြန်းရာ ပဲခွေကြော်ထုတ်လုပ်ရာတွင် ကုလားပဲမှုန့်နှင့် ပီလောပီနံမှုန့်များကို အသုံးပြုထားကြောင်း၊ နေ့စဉ်ကုန်ကြမ်းပိဿာ(၂၀)အသုံးပြု ရပြီး စားအုန်းဆီ(၁၀)ပိဿာအသုံးပြုရကြောင်း၊ ကုန်ချောထွက်ရှိမှုအနေဖြင့် (၁၉)ပိဿာခန့် ရရှိ ကြောင်း၊ ထုတ်လုပ်ရရှိသည့် ပဲခွေကြော်များကို (၄၀၀)ကျပ်တန်၊ (၈၀၀)ကျပ်တန်အထုပ်များ ထုပ်ပိုး၍ ရောင်းချရကြောင်း၊ ဈေးကွက်အနေဖြင့် မြင်းခြံမြို့ရှိ ဈေးများနှင့် ရပ်ကွက်ကုန်စုံဆိုင်၊ မုန့်မျိုးစုံဆိုင်များသို့ ဒေသတွင်းစားသုံးမှုအတွက်သာ ဖြန့်ဖြူးရောင်းချရကြောင်း၊ ပဲခွေကြော် လုပ်ငန်းလုပ်ကိုင်ရာတွင် စားသောက်ကုန်ဖြစ်သည့်အတွက် သန့်ရှင်းသပ်ရပ်စွာ ကိုင်တွယ်လုပ်ကိုင် စေရေး၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ/မရှိ စစ်ဆေးခဲ့ပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရန်နှင့် သန့်ရှင်းလတ်ဆတ်သော ထုတ်ကုန်များကို ထုတ်လုပ်ရောင်းချနိုင်ရေးတို့အား အသိ ပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
DOCA(မန္တလေး)